ဟံသာဝတီ နိုင်ငံတကာလေဆိပ် ဆောက်လုပ်ရေးအတွက် လေလံကို ကိုရီးယား ကုမ္ပဏီတခုဖြစ်သည့် Incheon နိုင်ငံတကာ လေဆိပ်ကော်ပိုရေးရှင်းက ရရှိသွားကြောင်း သိရသည်။ ယင်း ကုမ္ပဏီသည် လေလံအောင်နိုင်ရေး အတွက် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ဈေးပြိုင်ပေးခဲ့ပြီး Kumbo Industrial Co., Ltd, Halla Engineering & Construction Corp, Lotte Engineering & Construction Co Ltd နှင့် Posco ICT Co Ltd တို့နှင့် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြသည်။ Incheon ကုမ္ပဏီသည် ၂၀၁၈ မှ စတင်ကာ နှစ်ငါးဆယ်အတွက် လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ပြီး နှစ်စဉ် ခရီးသွား ၁၂ သန်းခန့် သွားလာမည်ဟု ခန့်မှန်းထားကြောင်း၊ Incheon ကုမ္ပဏီသည် မြန်မာအစိုးရနှင့် သဘောတူစာချုပ်ကို ယခုနှစ်ကုန်ပိုင်းတွင် ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။