အင်ဒိုနီးရှားဆိုင်ရာ မြန်မာသံရုံး ဗုံးခွဲရန်ကြံစည်မှု သံသယရှိသူ ၂ ဦးကို ဖမ်း
This article has been converted from Zawgyi One to Unicode
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့ရှိ မြန်မာသံရုံးကို ပြီးခဲ့သည့် မေလအတွင်းက ဗုံးခွဲရန် ကြံစည်မှုအတွက် သံသယရှိသူ ၂ ဦးကို အင်ဒိုနီးရှား အကြမ်းဖက်မှု တိုက်ဖျက်ရေး အဖွဲ့က ဖမ်းဆီးလိုက်ကြောင်း Jakarta Globe သတင်းတွင် ဖော်ပြထားသည်။ အီပူးလ် (ခေါ်) မူဟာမက် စာအိဖူလ် စာဘာနီကို ယိုဂျာကာတာ မြို့တွင် ပြီးခဲ့သည့် သောကြာနေ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ အီပူးလ်၏ အပေါင်းအပါဖြစ်သူ ဘာယု ဒွီ အာဒီယန်တို ဆိုသူကိုလည်း အကြမ်းဖက် ကွန်ရက်များနှင့် ဆက်နွှယ်မှုအတွက် သံသယရှိသဖြင့် ဖမ်းထားကြောင်း၊ မကြာသေးခင်က ဖြစ်ပွားခဲ့သည့် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ဗုံးဖောက်ခွဲမှုတွင်လည်း အဆိုပါ သံသယရှိသူများ ပတ်သက်နိုင်ကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောဆိုသည်။ မြန်မာနိုင်ငံတွင် မွတ်စလင်များကို ဖိနှိပ်နေသဖြင့် ယခုကဲ့သို့ ဗုံးကွဲမှုများကို ကြံ့စည်ခြင်း ဖြစ်ကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။