အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသည့် အစိုးရ The New Light of Myanmar နှင့် ဂျပန်နိုင်ငံ ကျိုဒို သတင်းဌာနတို့ အကျိုးတူ ပူးပေါင်း လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်၏ ပြောကြားချက်ကို ယနေ့ထုတ် The Voice Daily သတင်းစာ တွင် ဖော်ပြထားသည်။ ကျိုဒို နယူးစ်သည် သတင်းစာ၊ ရေဒီယိုနှင့် ရုပ်/သံ ကဏ္ဍများ အတွက် ဂျပန်၊ အင်္ဂလိပ်၊ တရုတ် ဘာသာတို့ဖြင့် ထုတ်လုပ် ဖြန့်ချိလျက်ရှိပြီး၊ နိုင်ငံပေါင်း ၄၀ ကျော်တွင် သတင်းဌာနခွဲများ ဖွင့်လှစ်ထားသည်။ မြန်မာနိုင်ငံ ရုံးခွဲကို မေ ၁၆ ရက် က ပထမဆုံး ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။