စစ်ကိုင်းတိုင်း လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း နယ်မြေ၌ ဆက်ဆံရေး ရုံး ယမန်နေ့က ဖွင့်လှစ်ကြောင်း သိရသည်။ ဒေသ ခံပြည်သူများ၏ အခက်အခဲများကို ဖြေရှင်းပေးရန် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ ဆည်တည်း-ဇီးတော(ရွာသစ်) ၌ ဖွင့်လှစ်သော ယင်း ဆက်ဆံရေး ရုံး ဖွင့်ပွဲသို့ သတ္တုနှင့် စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ ဦးပိုင် ကုမ္ပဏီ နှင့် တရုတ် ဝမ်ပေါင် ကုမ္ပဏီမှ တာဝန်ရှိသူများ၊ သတ္တုတွင်း ဝန်ကြီးဌာန နှင့် သစ်တော ရေးရာ ဝန်ကြီးဌာန တို့မှ ကိုယ်စားလှယ်များ၊ ဒေသခံ ပြည်သူများ တက်ရောက်ကြကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။