ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် သြဂုတ် ၅ မှ ၁၂ ရက်နေ့အထိ ကျင်းပသည့် ၇ ကြိမ်မြောက် အာရှလူငယ် ဝူရှူး ပြိုင်ပွဲ၌ အာရှ နိုင်ငံ ပေါင်း ၂၃ နိုင်ငံ ဝင်ရောက် ယှဉ်ပြိုင်ရာ မြန်မာက အဆင့် ၁၂ ရရှိပြီး ရွှေ ၂ ၊ ငွေ ၄ ၊ ကြေး ၅ ခု ဆွတ်ခူးခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ကျန့်စု နှစ်ဘက် ဓားသွားပြိုင်ပွဲ၌ ထက်ဟန်ကျော်က ရွေ ၁ ခု၊ နန်းတောင်းပြိုင်ပွဲ၌ အေးသစ္စာမြင့်က ရွှေ ၁ ခု၊ နန်းချွမ်းနှင့် နန်းကွန့်ပြိုင်ပွဲတွင် အေးသစ္စာမြင့်က ငွေ ၂ ခု၊ ကျန့်စုပြိုင်ပွဲတွင် ခိုင်ဇင်သက်က ငွေ ၁ ခု၊ နန်းကွန့်ပြိုင်ပွဲတွင် ထက်ဟန်ကျော်က ငွေ ၁ ခု တို့ဖြစ်ပြီး စိန်သီဟအောင် ချန်ချွမ်း၊ ထက်ဟန်ကျော် ချန်ချွမ်း၊ အောင်ကိုဟန် လှံရှည်၊ မြတ်သက်စုဝေဖြိုး ကျန့်စု နှင့် ခိုင်ဇင်သက် ဓားမောက်ပြိုင်ပွဲ တို့၌ ကြေးတံဆိပ် ၁ ခုစီ ဆွတ်ခူးခဲ့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။