ထားဝယ် နှင့် သီလဝါ အထူး စီးပွားရေး ဇုန် စီမံကိန်းများတွင် ဂျပန်နိုင်ငံ အဓိက အခန်းမှ ပါဝင် လုပ်ကိုင်မည် ဖြစ်ကြောင်း သိရ သည်။ သမ္မတ ဦးသိန်းစိန် နှင့် ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ဝန်ကြီး H.E. Mr. Akihiro OHTA နှင့် ယမန်နေ့က တွေ့ဆုံရာတွင် အဆိုပါ စီမံကိန်းများနှင့် ပတ်သက်ပြီး ဆွေးနွေးကြောင်း ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာ ၌ ဖော်ပြထားသည်။ ဂျပန်ဝန်ကြီးက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ရ၍ ဝမ်းမြောက်ကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ရန်ကုန်မြို့ပတ်ရထား ပြေးဆွဲနေမှုတို့ကို သွားရောက်လေ့လာခဲ့ကြောင်း ပြောကြားသည်။ ထို့အပြင် ရန်ကုန်-မန္တလေး အမြန်ရထားလမ်း အပိုင်းလိုက် မြှင့်တင်ရေး၊ လျှပ်စစ် ဓာတ်အား ထုတ်လုပ် ရေး၊ သောက်သုံးရေသန့် ရရှိရေး၊ သယ်ယူ ပို့ဆောင်ရေး၊ မြို့ပတ်ရထား အဆင့်မြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး၊ မန္တလေး လေဆိပ် အဆင့်မြှင့်တင်ရေး၊ သဘာဝဘေး အန္တရာယ် ကာကွယ်ရေးအတွက် အကူအညီပေးရေးတို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။