သတင်းတို

မြန်မာ့ ရထားလုပ်ငန်း ဖွံ့ဖြိုးရေး JICA ငွေချေးမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဂျပန်နိုင်ငံ မြေယာ၊ အခြေခံ အဆောက်အအုံ ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီး H.E. Mr. Akihiro OHTA သည် သြဂုတ် ၁၁ ရက် တွင် ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေးနှင့် တွေ့ဆုံပြီး၊ မြန်မာနိုင်ငံ ရထား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စရပ်များ ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ အဆင့်မြှင့်တင်ရေး လုပ်ငန်းများအတွက် ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA) မှ အတိုးနှုန်း သက်သာသော ချေးငွေ ထောက်ပံ့ခြင်း၊ ရန်ကုန်-ပဲခူးကြား သံလမ်း ပြုပြင် ထိန်းသိမ်းရေးဆိုင်ရာ အရည်အသွေး မြင့်မားစေရေး နည်းပညာ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း အရှိန်အဟုန် မြှင့်တင်ခြင်း၊ ထို့နောက် ရန်ကုန်-မန္တလေး လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း၊ ရထား အချက်ပြ ဆက်သွယ်ရေးနှင့် ရထားပြေးဆွဲမှုကို ထိန်း သိမ်း ကွပ်ကဲ နည်းစနစ်များ အဆင့်မြှင့်တင်ရေး တို့အတွက် ငွေကြေး အကူအညီ ထောက်ပံ့ခြင်းများနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြ ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading