ဆော်ဒီ အာရေးဗီးယား နိုင်ငံ မက္ကာမြို့ ဟာ့ဂျ် ဘုရားဖူး စေလွှတ်ရေး လုပ်ငန်းနှင့် ပတ်သက်ပြီး သာသနာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။ မက္ကာမြို့တွင် အခမဲ့ တည်းခိုနေထိုင်ခွင့် ရထားသော ဟာ့ဂျ် ဘုရားဖူး ၃၅၀ အတွက် ယခုနှစ် လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီများအား တင်ဒါ စည်းမျဉ်း စည်းကမ်းများနှင့် အညီ ရွေးချယ်ရေး နှင့် ဘုရားဖူးများ အချိန်မီ စေလွှတ်နိုင်ရေးကို ဟာ့ဂျ် ဘုရားဖူး စေလွှတ်ရေး လုပ်ငန်း ကော်မတီ နှင့် ဟာ့ဂျ် ဘုရားဖူး စေလွှတ်ရေး ကြီးြက်ပမှု ကော်မတီ တို့က ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုနှစ်မှ စ၍ ဟာ့ဂျ် ဘုရားဖူး စေလွှတ်ရေး လုပ်ငန်းကို သာသနာရေး ဝန်ကြီးဌာန သည် စီးပွားရေး ဝန်ကြီးဌာန မဟုတ်သောကြောင့် ကိုင်တွယ် ဆောင်ရွက်ခြင်း မပြုတော့ကြောင်း စသည်တို့ ပါရှိသည်။ ဟာ့ဂျ် ဘုရားဖူး ခရီးသွား ကုမ္ပဏီ ၁၀၄ ခု ရှိသည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။