မွန်ပြည်နယ် ကုလားကုတ် ရေနက် ဆိပ်ကမ်း စီမံကိန်း မြန်မာနှင့် ထိုင်း ပူးပေါင်း တည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။
အစိုးရ ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်နှင့် ထိုင်း နိုင်ငံမှ The Emerald Grand Hotel Co.,Ltd .တို့ ကုလား ကုတ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကို မကြာခင်က ဆောင်ရွက်ပြီးစီး ခဲ့ပြီး လုပ်ငန်းများ ၃ လအတွင်း စတင်နိုင်ရန် လေ့လာမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ယင်း ရေနက် ဆိပ်ကမ်းကို မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ရေးမြို့အကြား ကုလားကုတ် ကျွန်း ပတ်ဝန်းကျင်တွင် တည်ဆောက်မည်ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ လမ်းကြောင်းနှင့် ဆက်စပ် အသုံးပြုနိုင်မည် ဖြစ်သည်။ သဘာ၀ ပတ် ဝန်းကျင် ထိခိုက်မှု ရှိ မရှိ၊ ဒေသခံများ၏ လူမှုစီးပွားရေး ထိခိုက်မှု ရှိ မရှိ စသဖြင့် ဘက်ပေါင်းစုံမှ လေ့လာ ဆောင်ရွက်သွားမည် ဖြစ် သည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။