တရားဥပဒေ စိုးမိုးရေးအတွက် တရားစီရင်မှုများတွင် အာဏာပိုင်များက ဝင်ရောက်စွက်ဖက်မှုများ ရှိနေပြီး အကျင့်ပျက်ခြ စား မှုများလည်း ရှိနေကြောင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ အစီရင်ခံစာ က ဆိုသည်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတွင် ဗဟိုက ပြုပြင်မှု၊ ဖြေလျှော့မှုများ ပြုလုပ်ရန် လမ်းညွှန်ထားသော်လည်း အဆင့် ဆင့်သော အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့အစည်းများသည် ယခင်က စွဲကပ်နေသော အလေ့အကျင့် စရိုက်လက္ခဏာ များ၊ အ ကျင့်ပျက် ခြစားမှုများ မပျေက်မပျက် ရှိနေဆဲဟု တရား ဥပဒေ စိုးမိုးရေး ကော်မတီ၏ သြဂုတ်လ ၁၂ ရက်နေ့က ထုတ်ပြန် သည့် နှစ်ပတ်လည် အစီရင်ခံစာ၌ ဖော်ပြထားသည်။
အုပ်ချုပ်ရေး အာဏာပိုင်များအနေဖြင့် တရားစီရင်ရေး ကဏ္ဍတွင် ပါဝင်ပူးပေါင်းမှု မရှိပါက တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ လုပ်ငန်းများ အောင်မြင်နိုင်မည် မဟုတ်ကြောင်း အစီရင်ခံစာက သုံးသပ်ထားသည်။
ကော်မတီက မေးမြန်းခဲ့သော တရားသူကြီးများကမူ အာဏာပိုင်များ ပူးပေါင်းပါဝင်မှု မရှိဆိုသည်မှာ မဟုတ်မှန်ဟု ပြောဆိုကြောင်း တရားဥပဒေ စိုးမိုးရေး ကော်မတီဝင်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ဧရာဝတီကိုပြောသည်။
တရားစီရင်ရေးဆိုင်ရာ အခြေခံမူများဖြစ်သည့် ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေးတွင် အုပ်ချုပ်ရေးပိုင်းက ဝင်ရောက် မစွက်ဖက်ရန် လိုအပ်ကြောင်း၊ ဥပဒေရ တားမြစ်ချက်မှအပ တရားစီရင်ရေး အမှုများအတွက် ပြည်သူ့ရှေ့မှောက် ခုခံ ချေပခွင့်၊ အယူခံဝင်ပိုင်ခွင့် ပေးရေးတို့ကို လေးစားလိုက်နာရန် လိုအပ်ကြောင်းလည်း အစီရင်ခံစာက ဆိုသည်။
အုပ်ချုပ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူမှုရေး၊ လယ်ယာမြေ သိမ်းဆည်းခံရခြင်း တို့နှင့် ပတ်သက်ပြီး ကော် မတီထံသို့ တနိုင်ငံလုံးမှ တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြချက်များ စသည့် တိုင်စာပေါင်း တသောင်းကျော် ( ၁၁၂၅၉) ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
၎င်းတိုင်စာများနှင့် စပ်လျဉ်း၍ လက်တွေ့ ဖြေရှင်းပေးနိုင်မှု အနည်းငယ်သာ ရှိသေးကြောင်း၊ တရားဥပဒေ စိုးမိုးရေးကော်မတီ ဆို သည်မှာလည်း လုပ်ပိုင်ခွင့် မရှိသည့် အမည်ခံ အဆင့်သာ ရှိကြောင်း ကော်မတီဝင် ဒေါ်ခင်စောဝေ က ပြောဆိုသည်။
“လုပ်ပိုင်ခွင့်ဆိုတာက ဥပမာ အမှုတခုမှာ တရားခံနဲ့တရားလိုမှာ တရားလိုက အမှုမှန်ပေမယ့် အမှုရှှုံးသွားတယ်၊ ဘာဖြစ်လို့ လဲဆိုတော့ တရားခံက လာဘ်ငွေပေးပြီး အနိုင်ရသွားတာမျိုးပေါ့၊ ဒီအမှုကို အမှန်အတိုင်း ဖြစ်စေဖို့ ကော်မတီက ပါဝင်ဖြေ ရှင်း ပေးတာမျိုး လုပ်ပေးနိုင်မယ်ဆိုရင် အဖြေမှန်တခုထွက်မယ်၊ ပြည်သူတွေကိုလည်း ကူညီနိုင်မယ်”ဟု ဒေါ်ခင်စောဝေ က ဆိုသည်။
မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အဆင့်ဆင့်မှ အုပ်ချုပ်ရေးမှူး တချို့သည်လည်း လုပ်ပိုင်ခွင့် အလွဲသုံးစားပြုလုပ်ခြင်းများ ရှိကြောင်း အစီရင်ခံစာ၏ တွေ့ရှိချက်များ အခန်း၌ ဖော်ပြထားသည်။
ထို့အတူ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာ ဝန်ထမ်းများ ကလည်း လူငယ်လူရွယ်များအား ပျက်စီးစေသည့် KTV များ၊ လောင်းကစားမှုများ လုပ်ဆောင်နေသည်ကို သိနေသည့်တိုင် မသိကျိုးကျွံပြု လျစ်လျှူရှှုထားကြောင်း အစီရင်ခံစာ က ဆို သည်။
ထို့အပြင် အုပ်ချုပ်ရေး အာဏာပိုင်များ အနေဖြင့် ပြည်သူကို ဗဟိုမပြုဘဲ အထက်လူကြီးများကိုသာ ဗဟိုပြုနေကြောင်း၊ လူသတ်မှု၊ လုယက်မှု၊ မူးယစ်ဆေးဝါးမှု စသည့် နယ်စပ်ဖြတ်ကျော်မှုခင်းများလည်း များပြားနေကြောင်း သိရသည်။
လယ်ယာခြံမြေများကို ဥပဒေမဲ့ သိမ်းဆည်းထားခြင်းများအား လယ်သမားများ မနစ်နာရေးအတွက် သီးစားခဖြင့် ပြန်လည် လုပ်ကိုင်ခွင့်ပြုရန် လွှတ်တော်၏ လယ်ယာမြေကော်မရှင်က ဆုံးဖြတ်ပေးထားသော်လည်း လက်တွေ့တွင် ထိရောက်မှု မရှိ သေးကြောင်း၊ မူလလယ်ပိုင်ရှင်များသည်ပင်လျှင် ကျူးကျော်မှုဖြင့် ပြန်လည် တရားစွဲဆိုမှုများ ရှိနေကြောင်းလည်း အစီရင်ခံစာက သုံးသပ်ထားသည်။
ထိုအစီရင်ခံစာကို ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ကိုယ်စားလှယ် ၁၆ ဦး က ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။ လွှတ်တော်၌ ဆွေးနွေးပြီးပါက ကောင်းမွန်သည့် အဖြေတခု ရရှိလာမည်ဟုလည်း ကိုယ်စားလှယ်များက ပြောသည်။
တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသည် ဖွဲ့စည်းခဲ့သည့်အချိန်မှ စ၍ ပြည်သူများက အားကိုး အား ထားပြု၍ တိုင်ကြားမှု အများအပြားရှိခဲ့သော်လည်း အာဏာပိုင်များ၏ ပါဝင်ပူးပေါင်းမှု အားနည်း၍ အောင်မြင်မှု နည်းပါး ကြောင်း ကော်မတီဝင် တချို့က ပြောဆိုကြသည်။
မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးမှု အခြေအနေသည် လွန်စွာအားနည်းနေသည့် အတွက် တရား ဥပဒေ စိုးမိုးမှု ရှိလာရန် နိုင်ငံတော် အစိုးရ၊ လွှတ်တော်များ၊ ပြည်နယ်၊ တိုင်းဒေသ အစိုးရများ၊ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပြည်သူများ အား လုံးက ပါဝင်ပူးပေါင်းမှသာ အောင်မြင်မည်ဖြစ်ကြောင်းလည်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
တရား ဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီ ကို ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌ အဖြစ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဋ္ဌ ဒါ်အောင်ဆန်းစုကြည် က တာဝန်ယူ ဆောင်ရွက်သည်။ အတွင်းရေးမှူး အဖြစ် ပုသိမ် မဲဆန္ဒနယ်မှ ဦးဝင်းမြင့် က တာဝန်ယူပြီး အဖွဲ့ဝင် ၁၅ ဦး ပါရှိသည်။