နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ချောမောစွာ ဆောင်ရွက်နိုင်စေရန် အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး အငြင်းပွားမှု ဆိုင်ရာ ပညာရပ်ဆွေးနွေးပွဲကို ယမန်နေ့က ကျင်းပသည်။ စီးပွားရေး နယ်ပယ်နှင့် အခြား ASEAN ၉ နိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဥပဒေဆိုင်ရာ အနုညာတ(အငြင်းပွားမှု) ဖြေရှင်းခြင်း နည်းလမ်းများ (UNCITRAL Rules) နှင့် ၁၉၅၈ ခုနှစ် နိုင်ငံခြား အနုညာ တ ဆုံးဖြတ်ချက်ကို အသိအမှတ်ပြုခြင်းနှင့် အတည်ပြုခြင်း ဆိုင်ရာ နယူးယောက် ကွန်ဗင်းရှင်း (New York Convention on the Recognition and Enforcement of Foreign Arbitral Awards – 1958) တို့ကို လက်ခံကျင့်သုံးလာပြီ ဖြစ်၍ ပြောင်းလဲလာ နေ သည့် အခြေအနေနှင့်အညီ ဥပဒေပိုင်းအရ ကြိုတင်ပြင်ဆင်ခြင်း ဖြစ်ကြောင်း စသည်တို့ကို ဆွေးနွေးသည်ဟု ယနေ့ထုတ် ကြေးမုံ သတင်းစာ၌ ဖော်ပြထားသည်။ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်နှင့် ဥပဒေ ပညာရှင်များ ပါဝင်ဆွေးနွေးကြောင်း လည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။