သတင်းတို

စာရေးဆရာ မင်းလူ ကွယ်လွန်

This article has been converted from Zawgyi One to Unicode

စာရေးဆရာ မင်းလူ(အသက် ၆၀နှစ်)သည် ယမန်နေ့ ညပိုင်းက ရန်ကုန်မြို့ ဝိတိုရိယ ဆေးရုံတွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်သွား သည်။ ကွယ်လွန်ချိန်တွင် ဇနီးနှင့် သမီး နှစ်ဦး ကျန်ရစ်ခဲ့သည်။ ၎င်းသည် လုံးချင်း ဝတ္ထု၊ ဝတ္ထု ရှည်၊ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ ရုပ်ရှင် ဇာတ်ညွှန်း စသည့် စာစုံ ရေးသား ပြုစုခဲ့သူတဦး ဖြစ်ပြီး စာရေးဆရာ ရုပ်ရှင် ဒါရိုက်တာ ဦးသာဓု ၏ သားငယ်ဖြစ်သည်။ ဒါရိုက်တာ မောင်ဝဏ္ဏ၊ ရုပ်ရှင်သရုပ်ဆောင် အဆိုတော် သုမောင် တို့ ၏ ညီငယ်လည်း ဖြစ်သည်။

Loading