ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော မွတ်စလင် ဒုက္ခသည်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အကြား ထိပ်တိုက်ရင်ဆိုင်မှု ဓာတ်ပုံများ အင်တာနက်ပေါ်တွင် တင်သူတဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။ အဆိုပါ အသက် ၂၉ နှစ်အရွယ်ရှိ မွတ်စလင် ဘာသာဝင် ကိုသန်းရွှေကို မည်သည့် ပုဒ်မနှင့် အရေးယူမည်ဖြစ်သည်ကို မသိရသေးပေ။ အမည်မဖော်လိုသူ ရဲအရာရှိ တဦးက ရခိုင်ပြည်နယ် သို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာ ရောက်ရှိနေချိန်တွင် ပြဿနာဖြစ်စေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောဆိုကြောင်း The News International တွင် ဖော်ပြ ထားသည်။ သည်။ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော စစ် အုပ်ချုပ်ရေးနှင့် တံခါးပိတ်ဝါဒမှ လွတ်မြောက်လာစဖြစ်သည့် မြန်မာနိုင်ငံတွင် ယခင်နှစ်မှ စတင်၍ လူမျိုးရေး နှင့် ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ယခုအချိန်အထိ လူ ၂၅၀ ကျော် သေဆုံးခဲ့ကာ ၁၄၀၀၀၀ ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။