အာဆီယံ ကုန်သွယ်ရေးကြောင်း ပို့ဆောင်ရေး အဖွဲ့(ASEAN-Maritime Transport Working Group Meeting) ၏ ၂၆ ကြိမ်မြောက် အစည်းအဝေးကို သြဂုတ် ၂၀ မှ ၂၂ ရက်အထိ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပမည် ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ရည်ရွယ်ချက်မှာ ရေကြောင်းဆိုင်ရာ တိုးတက်ကောင်းမွန်ရန် ဆောင်ရွက်နိုင်ရေး ဖြစ်သည်။ မြန်မာနိုင်ငံ သည် ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်များအတွက် အစည်းအဝေး ကျင်းပရန် တာဝန်ယူထားရပြီး ယခု အစည်း အဝေး မှာ နောက်ဆုံးကျင်းပရမည့် အစည်းအဝေး ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများမှ တနိုင်ငံလျှင် ၂ နှစ်စီ တာဝန်ယူကျင်းပရပြီး ၁ နှစ် လျှင် အစည်းအဝေး ၂ ကြိမ် ကျင်းပရကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။