နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် သည် ချက်သမ္မတ နိုင်ငံသို့ လာမည့် စက်တင်ဘာလ အတွင်း သွားရောက်ရန် ရှိကြောင်း သတင်းရသည်။ ၎င်းသည် စက်တင်ဘာလ ၁၅ ရက်နေ့က ၁၇ ရက်နေ့ထိ ပရက်ဂ်မြို့တွင် ကျင်းပမည့် Forum 2000 အစည်းအဝေး တက်ရောက်ရန် ဖြစ်ကြောင်း၊ Forum 2000 ဖောင်ဒေးရှင်း အကြီး အကဲ Jakub Klepal က ဖိတ်ကြားခြင်း ဖြစ် ကြောင်း၊ တိဗက် ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမားနှင့် တောင် အာဖရိက နိုင်ငံ သမ္မတဟောင်း နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင် ဒီကလပ် တို့လည်း တက်ရောက်မည် ဖြစ်ကြောင်း Prague Post သတင်း တပုဒ်တွင် ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက်ပိုင်း ချက်နိုင်ငံသို့ ပထမဆုံး အကြိမ် ခရီးစဉ် ဖြစ်ပြီး ဥရောပ ခရီးစဉ်အနေနှင့် တတိယအကြိမ်မြောက် ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။