ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာသည် ယမန်နေ့က ရန်ကုန်မြို့ရှိ အင်းစိန် အကျဉ်းထောင်သို့ သွားရောက်ကြောင်း သိရသည်။ ကင်တာနာသည် အင်းစိန် ထောင်တွင်း လှည့်လည်ကြည့်ရှု၍ အကျဉ်းသား ၆ ဦးနှင့် သီးသန့်တွေ့ဆုံကြောင်း၊ အကျဉ်းထောင် တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံ၍ သိလိုသည်များကို မေးမြန်းမှုများ ပြုလုပ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။ သြဂုတ် ၁၁ ရက်က မြန်မာနိုင်ငံသို့ ၁၀ ရက် ခရီး ရောက်ရှိလာသော ကင်တာနာသည် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့များသို့ သွားရောက်ခဲ့ သော် လည်း ကချင် လွတ်လပ်ရေး အဖွဲ့(KIO)ဌာနချုပ် လိုင်ဇာ ဒေသသို့ သွားရောက်ခွင့် မရခဲ့ပေ။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။