ရခိုင်ဒေသထွက် သယံဇာတများကို ဒေသခံများ ရရှိ ခံစားရေး ဆန္ဒထုတ်ဖော်သော် လက်မှတ် စုဆောင်းသည့် လှုပ်ရှားမှုကို ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ(RNDP) က ဦးဆောင်၍ ယမန်နေ့က စတင်ကြောင်း ဗဟိုကော်မတီဝင် ဦးစံကျော်လှက ပြော သည်။ သယံဇာတများတွင် သဘာဝ ဓာတ်ငွေ့သာမက သစ်တောထွက် ပစ္စည်း၊ ပင်လယ်ထွက် ပစ္စည်းများ ပါဝင်ကြောင်း၊ လက်မှတ်ပေါင်း ၃သိန်း ရရှိပါက သမ္မတ ဦးသိန်းစိန်ထံ တင်ပြသွားမည်ဖြစ်ကြောင်း၊ သယံဇာတမှ ဝင်ငွေ အကျိုးအမြတ် ရရှိမှုကို ရခိုင် လူထု အနေနှင့် ပွင့်ပွင့်လင်းလင်း သိချင်နေကြောင်း၊ စီမံကိန်းများကြောင့် ဆိုးကျိုးများကို ရခိုင်ဒေသခံမျာက ခံစားကြရပြီး၊ အကျိုးခံစားခွင့်ကိုလည်း အချိုးကျ ခွဲဝေခံစားရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။