ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ဒုက္ခသည်များနှင့် ရွှေ့ပြောင်း အလုပ်သမားများကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ဆောင်ပေး နေ သည့် ဒေါက်တာ စင်သီယာမောင်အား သြစတြေးလျ နိုင်ငံက ဆစ်ဒနီ ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်ကြောင်း သိရသည်။ ယင်း ဆုသည် ကမ္ဘာတဝန်းရှိ လူသားများအတွက် ထူးထူးခြားခြား ဆောင်ရွက်ပေးသည့် ပုဂ္ဂိုလ်များအား နှစ်စဉ်ဂုဏ်ပြု ချီးမြှင့်ပေးသည့် ဆု ဖြစ်သည်။ ၂၀၁၃ ခုနှစ် အတွက် ဒေါက်တာ စင်သီယာမောင်ကို ရွေးချယ်ရခြင်းနှင့် ပတ်သက်၍ ကိုယ်ဝန်ဆောင် မိခင်များကို ကလေး မွေးပေးခြင်း ၊ နယ်စပ်ရှိ အမေ့ခံ ကလေးငယ်များကို ကာကွယ်ဆေး ထိုးပေးနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ ငှက်ဖျားတိုက်ဖျက်ရေး ကြိုးပမ်းမှုများနှင့် နှစ်ပေါင်း နှစ်ဆယ်ကျော် ဆင်းရဲ နွမ်းပါးသည့် လူနာများကို ကိုယ်ကျိုးစွန့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။