သတင်းတို

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၂ ဒသမ ၉၅ ဘီလီယံ အထိ ရှိလာ

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံတွင် နိုင်ငံပေါင်း ၃၂ နိုင်ငံနှင့် ဒေသတွင်း နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုသည် ၁၉၈၈ မှ ၂၀၁၃ ခုနှစ် ဇူလိုင်လကုန် အထိ အမေရိကန် ဒေါ်လာ ၄၂ ဒသမ ၉၅ ဘီလီယံအထိ ရှိလာကြောင်း ဆင်ဟွာ သတင်းတရပ်၌ ဖော်ပြထားသည်။ ယင်း ပမာဏတွင် တရုတ်နိုင်ငံ က ရင်းနှီးမြှုပ်နှံမှု အမေရကန်ဒေါ်လာ ၁၄ ဒသမ ၁၈၈ ဘီလီယံဖြင့် ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၃၃ ဒသမ ၀၄ ရာခိုင်နှုန်း ရှိကာ ဦးဆောင်လျက် ရှိကြောင်း၊ ဒုတိယမှာ ထိုင်းနိုင်ငံ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၉ ဒသမ ၉၇၉ ဘီလီယံ ဖြစ်ကြောင်းနှင့် ဟောင် ကောင် ၆ ဒသမ ၄၀၄ ဘီလီယံ ၊ ယူကေ ၃ ဒသမ ၀၄၅ ဘီလီယံ ၊ တောင်ကိုရီးယား ၃ ဒသမ ၀၁၈ ဘီလီယံ ၊ စင်ကာပူ ၂ ဒသမ ၃၅၈ ဘီလီယံ ၊ မလေးရှား ၁ ဒသမ ၀၃၄ ဘီလီယံ တို့ဖြစ်ကြောင်း သိရသည်။ ရင်းနှီးမြှုပ်နှံမှု အများဆုံးမှာ လျှပ်စစ် စွမ်း အင်၊ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့၊ ဓာတ်သတ္တု ရှာဖွေရေး၊ စက်မှုထွက်ကုန်၊ အိမ်ခြံမြေ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံပေါင်း ၃၂ နိုင်ငံနှင့် ဒေသတွင်း နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုသည် ၁၉၈၈ မှ ၂၀၁၃ ခုနှစ် ဇူလိုင်လကုန် အထိ အမေရိကန် ဒေါ်လာ ၄၂ ဒသမ ၉၅ ဘီလီယံအထိ ရှိလာကြောင်း ဆင်ဟွာ သတင်းတရပ်၌ ဖော်ပြထားသည်။

Loading