ဧရာဝတီတိုင်း ပုသိမ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး ဖြစ်နိုင်ခြေလေ့လာမှုများကို နိုဝင်ဘာလဆန်း နောက်ဆုံးထား၍ စင်ကာပူ ကုမ္ပဏီ က ပြုလုပ်မည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ မြန်မာနှင့် စင်ကာပူကုမ္ပဏီ တို့ ပြီးခဲ့သည့် သြဂုတ် ၅ ရက်နေ့က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးနောက် ယင်းအစီအစဉ် ပေါ်ပေါက်လာခြင်း ဖြစ် သည်။ ဧရာဝတီ တိုင်းဒေသကြီး အနောက်တောင်ဘက်တွင် တည်ဆောက်မည့် ပုသိမ် အထူးစီးပွားရေးဇုန်ထဲတွင် ပုသိမ် ရေနက် ဆိပ်ကမ်း လည်း ပါဝင်ပြီး စက်မှုဇုန် ၃ ခုနှင့် ခရီးသွားလုပ်ငန်း စီမံကိန်းလည်းပါဝင်ကာ မြေဧရိယာ ၃၀၃၇ ဟက်တာခန့် ရှိမည် ဖြစ် ကြောင်း၊ ၂၀၂၅ ခုနှစ်၌ ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။