သတင်းတို
ဆီးဂိမ်းတွင် မွေ့ထိုင်း အားကစားနည်း ထည့်သွင်းရေး ဆွေးနွေး
This article has been converted from Zawgyi One to Unicode
၂၇ ကြိမ်မြောက် ဆီးဂိမ်း အားကစား ပြိုင်ပွဲတွင် မွေ့ထိုင်းအားကစားနည်း ထည့်သွင်းကျင်းပရေးနှင့် ပတ်သက်ပြီး အာဆီယံ ၆ နိုင်ငံ မှ မွေ့ထိုင်း အဖွဲ့ချုပ် တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ အားကစား ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးသောင်းထိုက်တို့ သြဂုတ် ၁၃ ရက်နေ့က ရန်ကုန်တွင် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ယင်း အစည်း အဝေး တွင် အပြည်ပြည်ဆိုင်ရာ မွေ့ထိုင်း အဖွဲ့ချုပ်(IFMA) နှင့် အာဆီယံ မွေ့ထိုင်း အဖွဲ့ချုပ်(AMF/SEAMF) တို့ အနေဖြင့် သြဂုတ် ၂၆ ရက်နေ့ နောက်ဆုံးထား၍ သင့်လျော်သော ဆုံးဖြတ်ချက်ပေးရန်နှင့် တရားမဝင် သတင်းထုတ်ပြန်ခြင်းများကို မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ အနေဖြင့် အတည်မပြုကြောင်းလည်း သတင်းစာ၌ ဖော်ပြထားသည်