သတင်းတို

သတင်းမီဒီယာ ဥပဒေကြမ်း လွှတ်တော်တွင် ဆက်ဆွေးနွေးမည်

This article has been converted from Zawgyi One to Unicode

သတင်းမီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲချက်များကို လွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည် ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ သဘောထားကွဲလွဲနေသည့် အချက် ၁၄ ချက်ကို ညှိနှိုင်းသဘော တူခဲ့ပြီး ကျန်ရှိနေသော အချက် ၃ ချက်ကို ပြန်ကြားရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) တို့ သြဂုတ်လ ၁၂ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးရာခဲ့ရာ သဘောထား ကွဲလွဲမှုများ၊ အခြား ဆွေးနွေးရန် ရှိသည်များကို စေ့စပ်ညှိနှိုင်းဆွေးနွေးသော နည်းဖြင့် ဆွေးနွေးရန် သဘောတူခဲ့သည်။ သြဂုတ် ၁၇ ရက်နေ့တွင် အဆိုပါ သဘောထားကွဲလွဲချက်များနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးခဲ့ရာ အချက် ၁၄ ချက် ညှိနှိုင်း သဘောတူခဲ့ကြောင်း သိရသည်။ ယင်းအချက်များကိုမူ သတင်းစာများ၌ အကျယ်တဝင့် ဖော်ပြထားခြင်း မရှိပေ။

Loading