ရန်ကုန်၌ BRT စနစ် အသုံးပြုမှု သွားလာရေး အဆင်ပြေနိုင်မလား
This article has been converted from Zawgyi One to Unicode
ရန်ကုန်မြို့တွင် ယာဉ်ပိတ်ဆို့မှုများ လျော့ပါးစေရန် အထောက်အကူ ဖြစ်စေမည့် BRT(Bus Rapid Transit) စနစ်ဖြင့် ပြေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။ ယင်း အစီအစဉ်တွင် ပါဝင်ပြေးဆွဲရန် အဆိုပြုထားသည့် ပုဂ္ဂလိက ကုမ္ပဏီက ဘတ်စ်ကား အစီး ၈၀ ပြေးဆွဲရန် စီစဉ်ထားပြီး ၁၂ စီးကို အရန်အဖြစ် ထားကြောင်း၊ ယာဉ်စီးခ ကျပ် ၄၀၀ ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင် ဖော်ပြထာားသည်။ တနေ့လုပ်အားခ ပျမ်းမျှ ၃၀၀၀ သာ ရရှိချိန်တွင် ယာဉ်စီးခ ၈၀၀ အသုံးပြုရန်မှာ လက်လှမ်း မမီနိုင်ကြောင်း၊ အစိုးရသစ် လက်ထက်တွင် မော်တော်ယာဉ်နှင့် ဖုန်းဈေးများ အတိုင်းအတာတခု အထိ ကျဆင်းလာသည်ကို ပွင့် လင်းစွာ မြင်တွေ့ရကြောင်း၊ ဖုန်းပြောခနှုန်းများလည်း မကြာမီကာလတွင် ကျဆင်းရန် သတင်းများ ထွက်ပေါ်လာချိန်တွင် နေ့စဉ် အသုံးပြုနေရသော မြို့တွင်း ခရီးသည် သယ်ယူပို့ဆောင်ရေး စနစ်တွင် ယာဉ်စီးခနှုန်း မြှင့်တင်မည် ဆိုပါက အများပြည်သူအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည် ဖြစ်ကြောင်း သတင်းစာတွင် ဖော်ပြထားသည်။