• English
Monday, July 14, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

BGF အသွင်ပြောင်းလဲမှု ဗိုလ်မှူးချုပ် စောချစ်သူ ရှင်းလင်း

by ကျော်ခ
20 August 2013
in သတင်း
A A
img_01
img_02
img_03
img_04
img_05
img_06
img_07
img_08
img_09
img_10
7k
VIEWS
Share on FacebookShare on Twitter

[irrawaddy_gallery]


အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ရှိ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) အမှတ် (၃) တပ်နယ်မှူး ဗိုလ်မှူးချုပ် စောချစ်သူ က ၎င်းတို့ အနေဖြင့် နယ်ခြေားစောင့်တပ် အဖြစ် အသွင်းပြောင်းခဲ့ရပုံကို ယနေ့ ရှင်းလင်း ပြောဆိုလိုက်သည်။

RelatedPosts

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

14 July 2025
1.4k
သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

13 July 2025
221
ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
124

ဗိုလ်မှူးချုပ် စောချစ်သူ သည် ကရင်ပြည်နယ် နယ်ခြားတပ်များ၏ ဗဟို ကွပ်ကဲရေး၊ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သည်။

“DKBA ဘဝကနေ နယ်ခြားစောင့်တပ် ပြောင်းရမယ့်အချိန်မှာ ကျနော်တို့ရဲ့DKBA အကြီးအကဲများ အကြီးမားဆုံး အခက်အခဲ တခုကို ရင်ဆိုင်ရပါတယ်၊ ကျနော်တို့လည်း မြိုင်ကြီးငူ ဆရာတော်ဘုရားကြီး(ဦးသုဇန)ရဲ့ သြဝါဒ ခံယူပြီးတော့ ကျနော်တို့ရဲ့ ခေါင်း ဆောင်တွေအားလုံး စောဘဦးကြီးရဲ့ မူ ၄ ချက် အတိုင်း ကရင့်လက်နက် ကရင့်လက်ထဲမှာရှိရမယ်၊ ကရင့်ကံကြမ္မာ ကရင် ဖန်တီး ရမယ်၊ ကရင်ပြည်နယ် ကရင် အုပ်ချုပ်ရမယ်၊ လက်နက်ချတဲ့ စကား ဘယ်တော့မှ မပြောနဲ့ ဆိုတဲ့ အတိုင်း အဲဒီ မူ ၄ ချက်နဲ့ ညီမျှတဲ့အတွက် ကျနော်တို့ လက်ခံခဲ့တာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ် စောချစ်သူ က ပြောသည်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) မှ (BGF) အဖြစ် ပြောင်းလဲခဲ့ရခြင်းနှင့် ပတ်သက်သော အဆိုပါ ရှင်းလင်းချက်ကို ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကို ကျေးရွာတွင် ယနေ့ ကျင်းပသော BGF အမှတ် (၃) တပ်နယ် အမှတ် (၁၀၁၇၊ ၁၀၁၈၊ ၁၀၁၉၊ ၁၀၂၀) နယ်ခြားစောင့်တပ် ၃ နှစ်မြောက်နေ့ နှစ်ပတ်လည် အခမ်းအနား၌ ပြောကြားလိုက်ခြင်းဖြစ်သည်။

ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသား လွတ်မြာက်ရေး တပ်မတော် (KNLA) တွင် ၎င်းအနေဖြင့် ဆယ်ကျော်သက် အရွယ်မှ ၁၉၉၄ ခုနှစ်အထိ ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး မြိုင်ကြီးငူဆရာတော် ဦးသုဇန ၏ အရိပ်အာဝါသ အောက်၌ ခိုလှုံကာ DKBA သို့ ပြောင်းလဲခဲ့ကြောင်းကိုလည်း ယနေ့ အခမ်းအနားတွင် ဗိုလ်မှူးချုပ် စောချစ်သူ က ရှင်းပြသွားသေးသည်။

အဆိုပါအခမ်းအနားသို့ ကရင်ပြည်နယ်၊ နယ်ခြားတပ်များ၏ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေး ဒု ဥက္ကဋ္ဌ ဗိုလ်ချုပ် ဖာနွီး၊ နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဗိုလ်ချုပ် မောင်မောင် အုန်း (ယခင် ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူး)နှင့် လက်ရှိ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် တင်မောင်ထွန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်း တို့ တက်ရောက်ကြသည်။

ထို့အပြင် ကရင်အမျိုးသား အစည်းအရုံး(KNU) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် (DKBA)၊ ‘ဝ’ ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော်(UWSA)၊ ပအို့ဝ် အမျိုးသား အဖွဲ့ချုပ်(PNLO) အပါအဝင် တိုင်းရင်းသား တပ်ဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ ၁၂ ဖွဲ့ အပါအဝင် ရာနှင့်ချီသော ဒေသခံ ပြည်သူများလည်း တက်ရောက်ကြသည်ကို တွေ့ရသည်။

ထူးခြားချက်မှာ အဆိုပါပွဲကို ကရင်လက်နက်ကိုင် အဖွဲ့ တဖွဲ့ဖြစ်သော ဗိုလ်ထိန်မောင်၏ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA) အဖွဲ့များ တက်ရောက်သည်ကို မတွေ့ရပေ။

ဗိုလ်မှူးချုပ် စောချစ်သူက ၎င်းတို့အနေဖြင့် DKBA အဖြစ်ရပ်တည်ခဲ့စဉ် ကာလနှင့် BGF သို့ ကူးပြောင်းလာသော ကာလများတွင် စိုက်ပျိုးရေး၊ သတ္တု တူးဖော်ရေး၊ ကူးသန်း ရောင်းဝယ်ရေး၊ ကုန်ထုတ်လုပ်ရေးနှင့် ခရီးသွားလာရေး လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း သတင်းမီဒီယာများနှင့် သီးသန့်တွေ့ဆုံစဉ်မှာ ပြောသည်။

“ခနောက်စိမ်း၊ ရွှေ စတဲ့ သတ္တု တူးဖော်ရေး လုပ်ငန်း၊ ရော်ဘာ၊ ပြောင်းဖူး စိုက်ခင်းတွေနဲ့ ကုမ္ပဏီတွေတည်ထောင်ပြီး သွင်းကုန်၊ ထုတ်ကုန် လိုင်စင် အခွန်တွေနဲ့ ဆောင်ရွက်နေပါတယ် ရရှိတဲ့ အကျိုးအမြတ်တွေကို မိမိ အဖွဲ့ဝင်တွေရဲ့ စားဝတ်နေရေးသာ မက ဘဲ ပညာရေး၊ ကျန်းမာရေးနဲ့ ဒေသဖွံ့ဖြိုးရေး ဘက်မှာလည်း ၅၀ ရာခိုင်နှုန်းထက် မနည်း ကျခံ သုံးစွဲပါတယ်”ဟုလည်း ဗိုလ်မှူးချုပ် စောချစ်သူ က ပြောဆို သွားသည်။

DKBA သည် နယ်ခြားစောင့်တပ်(BGF) ဖွဲ့စည်းရန် ၂၀၁၀ ပြည့် ဇူလိုင်လတွင် လက်ခံခဲ့ပြီး တပ်ဖွဲ့စည်းခြင်း အခမ်းအနားများကို သြဂုတ် လ အတွင်း လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ဒေသ၊ ပိုင်ကျုံမြို့နယ် ထန်းတပင်ကျေးရွာ၊ မြဝတီ မြို့နယ် မဲပလဲ့ဒေသ၊ ကော့ကရိတ်မြို့နယ် ထီးဟူးသံ ကျေးရွာနှင့် ကွင်းကလေး ဒေသ များတွင် ယခင်စစ်အစိုးရက ဦးဆောင် ပြုလုပ်ခဲ့သည်။

၁၉၉၅ ခုနှစ်တွင် DKBA သည် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမား လာ သည့် လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ ဖြစ်သည်။

Your Thoughts …
Tags: Border Guard Force
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

စောဆန်းအောင်, DKBA

ဗိုလ်စောဆန်းအောင် အရေး DKBA အခက်ကြုံနေ

by ကျော်ခ
25 March 2015
17.7k

တကျော့ပြန် ရောက်လာတဲ့ ဗိုလ်စောဆန်းအောင် အဖွဲ့အတွင်း ပြန်လက်ခံရေး၊ လက်မခံရေး ကိစ္စနဲ့ ပတ်သက်ပြီး DKBA အတွင်းမှာ အမြင်ကွဲ ပြားမှုတွေ ရှိနေပါတယ်။

ထာဝရငြိမ်းချမ်းရေး ရသည်အထိ ကြိုးပမ်းမည်ဟု စစ်ဗိုလ်ချုပ်များ ပြော

ထာဝရငြိမ်းချမ်းရေး ရသည်အထိ ကြိုးပမ်းမည်ဟု စစ်ဗိုလ်ချုပ်များ ပြော

by ကျော်ခ
22 August 2013
3.7k

“တည်ငြိမ်အေးချမ်းဖို့ ဆိုရင် ထာဝရ ငြိမ်းချမ်းရေးကို သွားရမှာ ဖြစ်ပါတယ်၊ ဒီနေ့ တက်ရောက်လာတဲ့ ဧည့်ပရိသတ် အပေါင်းကို တိုင်းမှူး အနေနဲ့ ထာဝရ ငြိမ်းချမ်းရေးကို ဦးလည်မသုံ သွားပြီးတော့မှ နောက်မဆုတ်တမ်း သွားမှာ ဖြစ်တယ်လို့ ပြောကြားလို...

နယ်ခြားစောင့်တပ်နှင့် ဖြစ်ပွားသောတိုက်ပွဲ ရပ်လိုက်ပြီဟု DKBA ပြော

နယ်ခြားစောင့်တပ်နှင့် ဖြစ်ပွားသောတိုက်ပွဲ ရပ်လိုက်ပြီဟု DKBA ပြော

by ကျော်ခ
29 April 2013
10.6k

ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် (DKBA)နှင့် နယ်ခြားစောင့်တပ် (BGF) တို့အကြား ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကို ယနေ့ မွန်းတည့်ချိန်မှ စ၍ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း DKBA ဘက်က ပြောဆို လိုက်သည်။

ကုလ ဝန်ထမ်းများ ရခိုင်ပြည်နယ်တွင်း ထိန်းသိမ်းခံရ

ရခိုင် နယ်ခြားစောင့်တပ် ဖွဲ့ရေး ကြိုးပမ်းမည်

by ခင်ဦးသာ
24 July 2012
7.2k

လတ်တလော လုံခြုံရေးနှင့် အနာဂတ်အတွက် ရခိုင်ပြည်သူများအား ကိုယ်စားပြုထားသည့် ကာကွယ်ရေး တပ်တခုကို ရခိုင်ပြည်သူ တရပ်လုံးက လိုလား

မြေသိမ်းမှု၊ လက်နက် ကိုင်ဆောင်မှုများ အတွက် အစိုးရတပ်က ကရင်တပ်ဖွဲ့များကို သတိပေး

မြေသိမ်းမှု၊ လက်နက် ကိုင်ဆောင်မှုများ အတွက် အစိုးရတပ်က ကရင်တပ်ဖွဲ့များကို သတိပေး

by သန်းထိုက်ဦး
29 May 2013
4.8k

“အဓိက သူပြောချင်တာက ဒီ ငြိမ်းချမ်းရေး အဖွဲ့တွေဟာ မိမိဒေသမှာသာလျှင် လက်နက် ကိုင်ဆောင်ဖို့၊ မြ၀တီမြို့ထဲမှာ လက်နက် ကိုင်ဆောင်ခြင်းကို ခွင့်မပြုပါဘူးလို့ သူက အဲဒါကို ပြောချင်တာပါ”

ဘင်္ဂါလီ ၁၂၀၀ ကျော် မြန်မာဘက် ပြန်ပို့ဟု ဘင်္ဂလားဒေ့ရှ် ပြော

ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို မြန်မာဘက်က လုံခြုံရေး တိုးချထား

by ငြိမ်းချမ်း
23 August 2012
6.1k

“ကျနော်တို့ဆီကို လွန်ခဲ့တဲ့ ၃ ရက်လောက်က ရောက်လာကြတာ။ စကခ ၁၅ လက်အောက်ခံ တပ်ရင်းပါ။ သူတို့က နစက စခန်းထဲမှာပဲနေတော့ အင်းအား ဘယ်လောက်များလည်း ဆိုတာတော့ ခန့်မှန်းလို့ မရဘူး”

Next Post
“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

“လွှတ်တော် အမတ်တောင် ငုတ်တုတ် ထိုင်ကြည့်နေရတယ်”

“လွှတ်တော် အမတ်တောင် ငုတ်တုတ် ထိုင်ကြည့်နေရတယ်”

Please login to join discussion
No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.8k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

5 days ago
3.1k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate