ထိုင်းနိုင်ငံ တောင်ပိုင်း၊ မလေးရှားနယ်စပ် အနီးရှိ ဖွန်ခလာခရိုင် စဒေါင်းမြို့က ထိုင်းလူဝင်မှုကြီးကြပ်ရေး အချုပ်ခန်းတွင် ထိန်းသိမ်း ခံထားရသည့် ဒုက္ခသည် ၁၅၀ ခန့်မှ ၈၇ ဦးသည် ယမန်နေ့က ထွက်ပြေး လွတ်မြောက် သွားကြောင်း သိရသည်။ ယခု နှစ်ဆန်းပိုင်း က စပြီး ဒုက္ခသည် ၂ဝဝဝ နီးပါးကို ထိုင်းနိုင်ငံမှာ ဖမ်းဆီးရမိပြီး အချုပ်ခန်းများတွင် ခွဲ၍ ချုပ်နှောင်ထားကြောင်း၊ ၎င်းတို့သည် မြန်မာ နိုင်ငံနှင့် အင်္ဂလားဒေ့ရှ်နယ်စပ်မှ လှေစီးထွက်ပြေးလာသည့် ဒုက္ခသည်များ ဖြစ်သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဌာနက မြန်မာအစိုးရကို ထိုဒုက္ခသည်များ ပြန်ခေါ်ရန် တောင်းဆိုထားသည်။ ထိုင်းနိုင်ငံရှိ မြန်မာသံရုံး တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံက လာသည်ဟု ယူဆရသည့် အထောက်အထား ပြနိုင်သူ ၇ ဦးခန့်ကိုသာ တွေ့ခဲ့ကြောင်း၊ ဘင်္ဂလား ဒေ့ရှ် နိုင်ငံက ၃၅ ဦး နှင့် ကျန်သူများမှာ မည်သည့်နိုင်ငံသား ဖြစ်သည်ဟူသော အထောက်အထား မပြနိုင်ကြကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်ဝင်းက ပြေကြားကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။