သတင်းတို

ရွှေတိဂုံ စေတီ နိုင်ငံခြားဧည့်ဝင်ကြေး တိုးမြှင့်ကောက်ခံမည်

This article has been converted from Zawgyi One to Unicode

ရွှေတိဂုံ စေတီကြီးတွင် နိုင်ငံခြားသားဧည့် ဝန်ဆောင်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်ပေးပြီး ယခင် ဝင်ကြေး တဦးလျှင် အမေရိကန် ဒေါ်လာ ၅ ဒေါ်လာ အစား ၈ ဒေါ်လာ သို့ ၂၀၁၃ ခုနှစ် အောက်တိုဘာလမှ စတင်၍ တိုးမြှင့်ကောက်ခံသွားရန် စီစဉ်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။ စေတီတော် ဂေါပက အဖွဲ့အနေဖြင့် နိုင်ငံခြားသား ဧည့်သည်များ အဆင်ပြေ စေရန် စေတီတော် တောင်ဘက်မုခ်တွင် ဓာတ်လှေကား ၂ စင်းတိုးချဲ့တပ်ဆင်ခြင်း၊ ရင်ပြင်တော်ပေါ်ရှိ နိုင်ငံခြားသားများ စိတ် ဝင်စားနိုင်မည့် နေရာများတွင် အင်္ဂလိပ်ဘာသာဖြင့် ဆိုင်းဘုတ်များ ရေးသား ချိတ်ဆွဲပေးခြင်း၊ လမ်းညွှန်မြေပုံများ အခမဲ့ဝေငှပေးခြင်း၊ နိုင်ငံခြားငွေ လဲလှယ်ရေး ကောင်တာများ ဖွင့်လှစ်ပေးခြင်း စသည့် ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် ပေးသွားမည် ဖြစ်သည်ဟုလည်း သိရသည်။

Loading