အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ဖွံ့ဖြိုးရေး မဟာဗျူဟာများ အကောင်အထည် ဖော်ရာတွင် မြန်မာနိုင်ငံရှိ အရပ်ဘက် အဖွဲ့အစည်း များက ပါဝင်ကူညီနိုင်ရန် အတွက် ADB က အမေရိကန် ဒေါ်လာ ၂၂၅၀၀၀ သုံးစွဲမည်ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာ ၌ ဖော်ပြထားသည်။ ယင်းထောက်ပံ့မှုသည် အဓိကမိတ်ဖက် အဖွဲ့အစည်းများ သတ်မှတ်နိုင်ရန်၊ လုပ်ငန်းစဉ်များတွင် လိုအပ်သော ကျွမ်းကျင်များ ရရှိရန်နှင့် အစိုးရနှင့် ဆွေးနွေးမှုများတွင် ပါဝင်နိုင်ရန်အတွက် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲရေး လုပ်ဆောင်မှုများကြောင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် ADB က အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ သန်းကျော် ပံ့ပိုးခဲ့ပြီး ၂၀၁၃ မှ စတင်၍ ပို့ဆောင်ရေးနှင့် စွမ်းအင် အပါအဝင် ကဏ္ဍအလိုက် အသေးစိတ် လေ့လာမှုများနှင့် အကဲဖြတ်မှုများ ဆောင်ရွက် ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် အခြေစိုက်သော ADB ကို ၁၉၆၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင် ၆၇ နိုင်ငံရှိကြောင်း၊ အာရှပစိဖိတ် ဒေသတွင်း စီးပွားရေး၊ ပတ်ဝန်းကျင်ရေးရာ ရေရှည်ဖွံ့ဖြိုးမှု၊ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုများနှင့် ဆင်းရဲ မွဲတေမှု လျှော့ချရေးများကို ဆောင်ရွက်လျက် ရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။