• English
Friday, June 13, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Human Rights

မိတ္ထီလာတွင် ကင်တားနားကို ဆန္ဒပြမှု ၈၈ မျိုးဆက်အဖွဲ့ သဘောထား မပါဟု ဆို

by စနေလင်း
21 August 2013
in Human Rights
A A
မိတ္ထီလာတွင် ကင်တားနားကို ဆန္ဒပြမှု ၈၈ မျိုးဆက်အဖွဲ့ သဘောထား မပါဟု ဆို

ယခုနှစ် ဖေဖော်ဝါရီလ အတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် မစ္စတာ ကင်တားနား (ဓာတ်ပုံ - သာလွန် / ဧရာဝတီ)

4.6k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားအား ဒေသခံများနှင့် အတူ ဆန္ဒပြခဲ့ကြသော မိတ္ထီလာမြို့ခံ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ဝင်များကို ပြင်းပြင်းထန်ထန် သတိပေးလိုက်ပြီး ထိုဆန္ဒပြမှုတွင် ရန်ကုန်ရှိ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၏ သဘောထား လုံး၀ မပါဝင်ကြောင်း သိရသည်။

“ရန်ကုန်က ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့၊ တာဝန်ရှိသူတွေရဲ့ သဘောထားအရ ဒီ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ရဲ့ နာမည်ကိုသုံးပြီး လုပ်ဆောင်ခွင့် မပြုပါဘူး။ ရန်ကုန် ၈၈ ကျောင်းသား ခေါင်းဆောင်တွေရဲ့ သဘောထားမပါဘဲ လုပ်တဲ့အတွက် သူတို့ကို လှမ်းပြောပြီး သတိပေးပြီးသား ဖြစ်တယ်။ နောက်နောင်တွေ ဒီလိုမျိုးလုပ်တဲ့ ကိစ္စတွေမှာ ကြိုတင်အကြောင်းကြား အသိမပေးရင် ကျနော်တို့နဲ့ ဖြေရှင်းမှုတွေ လုပ်ရမယ်” ဟု ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ကိုဇော်မင်းက ဧရာဝတီသို့ ပြောသည်။

RelatedPosts

တိုက်လေယာဉ် ပစ်ချခဲ့တဲ့ ပုလဲမှာ ဘာတွေဆက်ဖြစ်နေလဲ (ရုပ်/သံ)

တိုက်လေယာဉ် ပစ်ချခဲ့တဲ့ ပုလဲမှာ ဘာတွေဆက်ဖြစ်နေလဲ (ရုပ်/သံ)

12 June 2025
68
KNU ဌာနချုပ်ကို စစ်ကောင်စီ အသေခံဒရုန်း ၈ စင်းနဲ့ ထပ်တိုက် (ရုပ်/သံ)

KNU ဌာနချုပ်ကို စစ်ကောင်စီ အသေခံဒရုန်း ၈ စင်းနဲ့ ထပ်တိုက် (ရုပ်/သံ)

12 June 2025
95
စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

12 June 2025
2.5k

သို့ရာတွင် အဖွဲ့အစည်းတခုခုမှ ဦးဆောင်ဦးရွက်ပြုပြီး မစ္စတာ ကင်တာနာကို ဆန္ဒပြခဲ့ကြခြင်း မဟုတ်ကြောင်း၊ နိုင်ငံရေးပါတီဝင်များ၊ လူမှုရေး၊ ဘာသာရေး အဖွဲ့အစည်းများ၊ ရဟန်းများ၊ ဒေသခံ လူထုဖြင့် စုပေါင်း လုပ်ဆောင်ကြခြင်း ဖြစ်ကြောင်း၊ မိမိတို့ ပူးပေါင်းရပ်တည်ခဲ့ခြင်းမှာလည်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ကိုယ်စားပြုမဟုတ်ဘဲ မြို့ခံတဦးအနေဖြင့်သာ ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း မိတ္ထီလာ မြို့ခံ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ကိုသီဟက ဧရာဝတီသို့ ပြောသည်။

မစ္စတာ ကင်တားနားကို ဆန္ဒပြရန် သြဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်းထဲက မိတ္ထီလာမြို့ပေါ်တွင် စတင်လှုပ်ရှားခဲ့ကြပြီး ညနေ ၇ နာရီ ဝန်းကျင်တွင် လူ ၁ ထောင်ကျော်မျှ ရှိခဲ့ကြောင်း၊ မစ္စတာ ကင်တားနား မိတ္ထီလာမြို့သို့ ရောက်လာချိန် ည ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် လူ ၃၀၀ ဝန်းကျင်အထိ မစ္စတာ ကင်တားနား လိုက်ပါလာမည့် ကားတန်းကို ဆိုင်းဘုတ်များ ကိုင်ကာ စောင့်ဆိုင်းခဲ့ကြကြောင်း သိရသည်။

“မြို့သူမြို့သားတွေ အကုန်လုံး စုပေါင်းပြီး လုပ်တာ။ ကျနော်တို့ တဖွဲ့တစည်းတည်း အနေနဲ့ ဦးဆောင်လုပ်တာ မဟုတ်ဘူး။ တောင်းဆိုထားတာက သူလာရင် အိတ်ဖွင့်ပေးစာ ပေးဖို့ပဲ တောင်းဆိုထားတာ။ ခွင့်ပြုချက် တောင်းထားတာ။ ကျန်တာ ဘာမှမပါဘူး။ ကျနော်လည်း မြို့ခံတဦးအနေနဲ့ပဲ ဝင်ရပ်တည်တာပါ” ဟု ကိုသီဟက ဆိုသည်။

အိတ်ဖွင့်ပေးစာကို မိတ္ထီလာမြို့ခံ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူမှတဆင့် မစ္စတာ ကင်တားနားထံသို့ ပေးအပ်ခဲ့ကြောင်း မိတ္ထီလာခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုသည် တရားဝင်ခွင့်ပြုချက် တောင်းခံထားပြီးဖြစ်ကြောင်း၊ မိတ္ထီလာမြို့တွင် လက်ရှိ ကျင့်သုံးလျှက်ရှိသော ည ၁၀ နာရီနောက်ပိုင်း ညမထွက်ရ အမိန့်ကို ကျော်လွန်ပြီး မစ္စတာ ကင်တားနား လာရောက်သည့် အချိန်အထိ စောင့်ဆိုင်းခဲ့ကြ သူများကိုလည်း အရေးယူရန် အစီစဉ်မရှိကြောင်း သိရသည်။

“ကင်တားနားကျတော့ ၁၀ နာရီ နောက်ပိုင်းမှလာတယ်။ ကယ်ဆယ်ရေး စခန်းတွေကို သွားခွင့်ပေးတယ်၊ သူ့ကျတော့ခွင့် ပေးပြီး ဒေသခံတွေကြတော့ ခွင့်မပေးဘူးလား၊ ဘာလားနဲ့ပေါ့။ ညမထွက်ရ အမိန့်ကြောင့်လည်း အရေးယူဖို့ မရှိပါဘူး။ ကင်တားနားပြန်တော့ လူစုခွဲကြပြီး ပြန်ကြတာပဲ။ သူဖာသာသူ လမ်းဘေးကနေ ရပ်ပြီး ဆိုင်းဘုတ်ကိုင်တာပဲဆိုတော့။ ကားတန်းလည်း မပိတ်ပါဘူး။ အဓိကက မစ္စတာ ကင်တားနားကို အိတ်ဖွင့်ပေးစာ ပေးချင်တာ” ဟု ဦးတင်မောင်စိုးက ဆိုသည်။

သို့ရာတွင် လူအုပ်က အော်ဟစ်ခြင်း၊ မောင်းနှင်လာသော ကားတိုင်းနားသို့ တိုးကပ်ကာ မစ္စတာ ကင်တားနားကို ကန့်ကွက်သည့် ဆိုင်းဘုတ်များ၊ တီရှပ်အကျႌများကို ပြခြင်းကြောင့် မစ္စတာ ကင်တားနား အနေဖြင့် အနည်းငယ် ကြောက်လန့်မှု ဖြစ်ခဲ့ရကြောင်း၊ သို့ရာတွင် လုံခြုံရေးရဲများဖြင့် စောင့်ကြပ်ပေးခဲ့ကြောင်း သိရသည်။

မစ္စတာ ကင်တားနားသည် မိတ္ထီလာမြို့တွင် နေပြည်တော်မှ လာကြိုသော ကားများနှင့် လဲလှယ်ပြောင်းစီးချိန် ၁၀ မိနစ် ဝန်းကျင်သာ ရှိခဲ့ပြီး မိမိနှင့်လည်း ကောင်းစွာ စကားပြောဆိုခဲ့ခြင်း မရှိကြောင်း ဦးတင်မောင်စိုးက ပြောသည်။

မစ္စတာ ကင်တားနားထံသို့ ပေးအပ်လိုက်သော အိတ်ဖွင့်ပေးစာတွင် မိတ္ထီလာမြို့ခံ ပြည်သူများအနေဖြင့် ဘင်္ဂါလီများအား အားပေးအားမြှောက် သွေးထိုးလှုံ့ဆော်မှု ပြုနေသော မစ္စတာ ကင်တားနားအား မြန်မာနိုင်ငံမှ အမြန်ဆုံး ထွက်ခွာသွားရန်၊ မြန်မာနိုင်ငံသို့ နောက်နောင် လာရောက်ခြင်း မပြုရန်နှင့် ကုလသမဂ္ဂ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး၏ လုပ်ပိုင်ခွင့်ဖြင့် ကင်တားနားအား မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တာဝန်မှ အမြန်ဆုံးရုပ်သိမ်းပေးရန်၊ အထူး ဆောင်ရွက်ရမည့် ရာထူးနှင့် တာဝန်အား အလွဲသုံးစားပြု၍ ကမ္ဘာ့အဖွဲ့အစည်းအား သိက္ခာမဲ့စေသော ကင်တားနားအား ပြတ်သွားစွာ ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ကြောင်း စသည့် အချက်များ ပါဝင်သည်ဟု သိရသည်။

ထို့အပြင် မြို့ခံလူထု အနေဖြင့် မစ္စတာ ကင်တားနား တင်သွင်းခဲ့သော မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာအား လုံး၀ လက်မခံကြောင်း၊ ခိုးဝင် ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့် ပေးသင့်သည်ဆိုသော တိုက်တွန်းချက်ကို လုံးဝကန့်ကွက်ကြောင်း၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်ခွင့် ဥပဒေကို ခြွင်းချက်မရှိ လက်ခံကြောင်း၊ မြန်မာတိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးထဲတွင် ရိုဟင်ဂျာဆိုသော လူမျိုးစု လုံးဝမရှိဟု လက်ခံထားကြောင်း၊ လူ့အခွင့်အရေးကို လေးစားသော်လည်း အမျိုးသားအခွင့်အရေးကို ဦးစားပေး သွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းကို မူအားဖြင့် လက်ခံသော်လည်း တဖက်သတ် ထိပါးစော်ကားသည့် မည်သည့် ကိစ္စရပ်မျိုးကိုမဆို လုံး၀ လက်ခံမည် မဟုတ်ကြောင်းတို့လည်း ပါရှိသည်။

ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား၏ ၁၁ ရက်အကြာ မြန်မာပြည် ခရီးစဉ်တွင် ရခိုင်ပြည်နယ် အပါအဝင် မြန်မာပြည်တွင်းရှိ သွေးထွက်သံယိုမှုများ ဖြစ်ပွားခဲ့ရာ ဒေသများသို့ သွားရောက်ခဲ့ပြီး ယနေ့ညနေတွင် ရန်ကုန် မင်္ဂလာဒုံလေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။

Your Thoughts …
Tags: 88 GenerationUN
စနေလင်း

စနေလင်း

ဧရာဝတီ

Similar Picks:

အာဏာရူး စစ်ဘီလူးများနဲ့ ခိုင်းနှိုင်းခြင်းဖြင့် ခွေးများကို မစော်ကားပါနဲ့…

အာဏာရူး စစ်ဘီလူးများနဲ့ ခိုင်းနှိုင်းခြင်းဖြင့် ခွေးများကို မစော်ကားပါနဲ့…

by မနှင်း
14 September 2024
5.1k

သူတို့ဟာ Man’s best friend ဆိုတာ တကယ်ပါပဲ။ သူတို့ဟာ အိမ်မွေး တိရစာ္ဆန် အဆင့်ထက် ပိုပါတယ်…သူတို့ဟာ သခင်အပေါ်မှာ မိတ်ဆွေတွေ အပေါ်မှာ တကယ် Loyal ဖြစ်တဲ့ သူတွေပါ။ သစ္စာ ရှိသူတွေပါ…

ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၄)

ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၄)

by အောင်ဇော်
12 August 2023
2.9k

နာဂစ်သည် မြန်မာ စစ်ခေါင်းဆောင်များသာ မဟုတ်ဘဲ အာဆီယံ အတွင်းရေးမှူးသစ် ဆူရင် ပစ်ဆူဝမ်ကိုပါ စာမေးပွဲ စစ်သည်ဟု ဆိုရမည် ဖြစ်သည်။

ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၃)

ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၃)

by အောင်ဇော်
29 July 2023
2.9k

ဆူရင် ပစ်ဆူဝမ်ကတော့ ကမ္ဘာလှည့် နိုင်ငံခြားရေး ဝန်ကြီး ဘဝဖြင့် ထိုင်း၏ ပုံရိပ်ကို မြှင့်တင်ခဲ့သည်ဟု မှတ်ချက် ချရမည်။

စစ်ကောင်စီ ဖယ်ရှားရေး အရမ်း အရေးပါတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်တယ်

စစ်ကောင်စီ ဖယ်ရှားရေး အရမ်း အရေးပါတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်တယ်

by ဧရာဝတီ
16 November 2024
2.2k

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဦးဆောင် အဖွဲ့ဝင်ဖြစ်သူ မခိုင်ဇာအောင်နှင့် ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။

ခရစ်စတိုဖာ ဂန်းနက်စ်သည် ဘီဘီစီတွင် ထုတ်လုပ်သူ၊ သတင်းထောက်၊ နိုင်ငံရပ်ခြား သတင်းထောက်၊ သတင်းဖတ်ကြားသူ အဖြစ် ၂၃ နှစ် အလုပ်လုပ်ခဲ့သည်။ (source: bbc.co.uk)

ခရစ်စတိုဖာ ဂန်းနက်စ်ရဲ့ ရှစ်လေးလုံး

by ဧရာဝတီ
6 August 2013
6.9k

မြန်မာပြည်သူတွေဟာ သူတို့ ဆန္ဒနဲ့ သူတို့ အုံကြွခဲ့ကြတာပါ။ သူတို့တွေသာလျှင် ၁၉၈၈ ရဲ့ သူရဲကောင်း အစစ်အမှန်တွေ ဖြစ်ပါတယ်။ ကျနော် လုပ်ခဲ့သမျှက ဒီအကြောင်းတွေကို သတင်းပို့ ရုံပါပဲ။

မြန်မာ့အရေး UN ပထမဆုံးအကြိမ် တံခါးဖွင့်ဆွေးနွေးပွဲမှာ ဘာတွေပြောကြလဲ

မြန်မာ့အရေး UN ပထမဆုံးအကြိမ် တံခါးဖွင့်ဆွေးနွေးပွဲမှာ ဘာတွေပြောကြလဲ

by ဧရာဝတီ
6 April 2024
428

မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအရေးနဲ့ ပက်သက်ပြီး ပထမဦးဆုံးအကြိမ် ကျင်းပတဲ့ တံခါးဖွင့်အစည်းအဝေးကို ဧပြီ ၄ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

Next Post
တာဝန်ခံလား ကျောင်းထိုင်လား (ရုပ်/သံ)

တာဝန်ခံလား ကျောင်းထိုင်လား (ရုပ်/သံ)

လွှတ်တော်ထဲက အလွဲများ

လွှတ်တော်ထဲက အလွဲများ

Please login to join discussion
No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

4 days ago
5.2k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

2 days ago
4.1k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအတွက် နယ်မြေရှင်းမည့် ကရင်နီထိုးစစ် ပိုပြင်းထန်လာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate