ဧရာဝတီ မြစ်နှင့် ပဲခူး မြစ်များ ၏ မြစ်ရေသည် ယမန်နေ့ နံနက် ၉ နာရီ ခွဲခန့်က တိုင်းတာချက်အရ နောက် ၂၄ နာရီ နှင့် ၄၈ နာရီ အတွင်း စိုးရိမ်ရေ အမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။ ဟင်္သာတမြို့၊ ဇလွန်မြို့နှင့် ပဲခူးမြို့များတွင် စိုးရိမ် ရေ အမှတ်သို့ ရောက်ရှိနိုင်သည်ဟုလည်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။