ကုလသမဂ္ဂ လ့ူအခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ သည် ယမန်နေ့က ရန်ကုန်မြို့မှ ပြန်လည် မထွက်ခွာမီ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် ခန်းမ၌ သတင်းထုတ်ပြန် ရှင်းလင်းသည်။ ယင်းသို့ ရှင်းလင်းရာတွင် မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး အခြေအနေသည် အပြုသဘောဆောင် တိုးတက်လျက် ရှိနေသော်လည်း တိုင်းရင်းသား လူမျိုးစုများနှင့် အမျိုးသားပြန်လည် သင့်မြတ်မှု ရရှိရေး လိုအပ်ချက် ရှိနေဆဲဖြစ်ကြောင်း၊ လုံခြုံရေးအတွက် အကာ အကွယ်ပေးရန် ပျက်ကွက်ခဲ့သည့် အတွက် မြန်မာအစိုးရကို ထောက်ပြခဲ့ကြောင်း၊ လူ့အခွင့်အရေး တိုးတက်ရန် ဆောင်ရွက်ရာတွင် မြန်မာပြည်သူ ပြည်သားများနှင့် အပြုသဘော ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားသွားသည်။ ကင်တာနာသည် ၂၀၀၈ ခုနှစ်မှစ၍ အထူး ကိုယ်စားလှယ်အဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ၈ ကြိမ်မြောက် ခရီးစဉ် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။