သတင်းတို

စစ်သမိုင်း ပြတိုက် မြေနေရာ နှစ်ရှည် ငှားရမ်း လုပ်ကိုင်ခွင့်ပြု

This article has been converted from Zawgyi One to Unicode

တပ်မတော်ပိုင် အဆောက်အအုံနှင့် မြေနေရာများကို BOT စနစ်ဖြင့် နှစ်ရှည်ငှားရမ်း လုပ်ကိုင်ခွင့် ပြုလိုက်ကြောင်း ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ စစ်သမိုင်း ပြတိုက်ကို Yangon Tchinical Trading Group က လုပ်ကိုင်ခွင့် ရရှိပြီး ယောမင်းကြီး ရိပ်သာကို Paramount Inlay Resource က လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း၊ စစ်ရုံးချုပ် ဟောင်း မြေနေရာကိုလည်း ပြည်တွင်း ရွှေတောင် ကုမ္ပဏီနှင့် စင်ကာပူအခြေစိုက် Hyday (South Pacific) Investment Pte., Ltd တို့အား လုပ်ကိုင်ခွင့် ပြုထားကြောင်း၊ ယင်းမြေနေရာ၌ နိုင်ငံတကာ အဆင့်မီ ဟိုတယ်နှင့် ရုံးခန်းများ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Loading