စစ်အစိုးရ လက်ထက်က ရေးဆွဲပြဋ္ဌာန်းခဲ့သည့် အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းကို သင်္ဃန်း ကျွန်းမြို့နယ် လွှတ်တော်အမတ် ဦးသိန်းညွန့်၏ တင်သွင်းမှုကို လွှတ်တော်က လက်ခံလိုက်ကြောင်း သိရသည်။ အင်တာနက် ဆက်သွယ်ရေး အသုံးပြုခြင်း၊ စီဒီတချပ် လက်ဝယ် တွေ့ရှိခြင်းဖြင့် ယင်းဥပဒေနှင့် အရေးယူ ခံရနိုင်ကြောင်း၊ နိုင်ငံရေး သဘော ထား မတိုက်ဆိုင်သူများ၊ မီဒီယာ သမားများအား ယင်းဥပဒေဖြင့် ကန့်သတ် ထိန်းချုပ် အပြစ်ပေးခြင်းများ ရှိခဲ့ကြောင်း၊ ဘလော့ဂါ နေဘုန်းလတ်၊ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၊ လူရွှင်တော် ဇာဂနာ တို့ကို အီလက်ထရွန်နစ် ဥပဒေဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းများ ရှိခဲ့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။