• English
Friday, December 8, 2023
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

    ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

    စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

    စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

    စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

    စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

    ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

    ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

    စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

    စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home သတင်း

          အကြမ်းဖက်သမားများ မဝင်လာရေး နိုင်ငံတဝန်း လုံခြုံရေး အမြင့်ဆုံး တိုးမြှင့်ပြီဟုဆို

          by ထက်နိုင်ဇော်
          22 August 2013
          in သတင်း
          Reading Time: 1 min read
          A A
          အကြမ်းဖက်သမားများ မဝင်လာရေး နိုင်ငံတဝန်း လုံခြုံရေး အမြင့်ဆုံး တိုးမြှင့်ပြီဟုဆို

          ရန်ကုန်မြို့လယ် တနေရာတွင် လုံခြုံရေး ယူနေသည့် ရဲများကို ဧပြီလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

          3.6k
          VIEWS
          Share on FacebookShare on Twitter

          မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ ကျင်းပရန် နီးကပ်လာချိန်တွင် အကြမ်းဖက် သမားများ၏ အန္တရာယ်မှ ကာကွယ်ရေးနှင့် အကြမ်းဖက်သမားများ နိုင်ငံတွင်း ဝင်မလာနိုင်ရေး အတွက် နိုင်ငံတဝန်း လုံခြုံရေး အမြင့်ဆုံး တိုးမြှင့် တပ်လှန့် သတိပေးလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

          မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးချုပ် ဝင်းခေါင်က ပြည်တွင်း၌ အကြမ်းဖက်လှုပ်ရှားမှုများ ဖြစ်ပေါ်မည်ဆိုသော သတင်းများ ထွက်ပေါ် နေသောကြောင့် အကြမ်းဖက်သမားများ ပြည်တွင်းသို့ ဝင်မလာနိုင်စေရန် လေဆိပ်၊ နယ်စပ်ဒေသများ၊ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သော နေရာများနှင့် ကမ္ဘာလှည့် ခရီးသည်များ အများဆုံး ရှိရာဒေသများတွင် လုံခြုံရေးအဆင့်ကို သိသိသာသာ တိုးမြှင့်ထားကြောင်း ဧရာဝတီသို့ ပြောသည်။

          RelatedPosts

          ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

          ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

          7 December 2023
          726
          မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

          မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

          7 December 2023
          1.3k
          ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

          ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

          7 December 2023
          2.4k

          “တချို့နေရာတွေက လုံခြုံရေး တိုးမြှင့်တာ၊ တချို့နေရာတွေက လုံခြုံမှု အဆင့်ကို မြှင့်တင်ပြီးတော့ Alert လုပ်ထားတာပေါ့။ Security Alert လုပ်တယ်ဆိုတာ ရဲတပ်ဖွဲ့တခုလုံးကို Alert လုပ်ထားတာ။ အိန္ဒိယမှာ ဗုံးခွဲခံရတဲ့ ပြဿနာတွေ ဖြစ်ခဲ့တယ်။ ပြင်ပဘက်မှာ ဒီလိုလှုပ်ရှားမှုတွေ ရှိနေတော့ ဒီလိုလူတွေကြောင့် ပြည်တွင်းမှာ ပြဿနာတွေ ဖြစ်လာမှာစိုးလို့ မဖြစ်အောင် ပြင်ဆင်ထားတယ်” ဟု ရဲမှူးချုပ် ဝင်းခေါင်က ဆိုသည်။

          မကြာမီ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပတော့မည့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများတွင် နိုင်ငံတကာမှ ဧည့်သည်များ လုံခြုံစိတ်ချမှု ရှိစေရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အထူးဂရုစိုက် ဆောင်ရွက်နေရပြီး လုံခြုံရေး တိုးမြှင့်ရာတွင် လူအင်အား တိုးမြှင့်ခြင်း သာမက လိုအပ်သော နေရာများတွင် CCTV ကင်မရာများ တပ်ဆင်ခြင်း၊ လုံခြုံရေး လိုအပ်ချက် ရှိသော နေရာ မျိုးစုံကို လုံခြုံရေး တပ်လှန့်ထားခြင်း ကဲ့သို့သော လုံခြုံရေး စီမံချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိသည်ဟု သိရှိရသည်။

          တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြို့မရဲစခန်းမှ တာဝန်ကျ ဒုရဲအုပ်တဦးက မြိတ်မြို့မှ တဆင့် ဝင်ရောက်လာနိုင်သော အကြမ်းဖက်သမား အဖြစ် သံသယရှိသူ ၃ ဦး၏ အမည်နှင့် ဓာတ်ပုံများကို ရဲတပ်ဖွဲ့အတွင်း ဖြန့်ဝေထားကြောင်း၊ ထိုသူ ၃ ဦး နယ်စပ်မှ တဆင့် နိုင်ငံတွင်း ဝင်ရောက်လာပါက ဖမ်းဆီးနိုင်ရန် လမ်းကြောင်းများ ပိတ်ဆို့စစ်ဆေးလျှက် ရှိကြောင်း မြိတ်မြို့ မြို့မရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်တဦးက ဧရာဝတီသို့ ပြောသည်။

          “ဓာတ်ပုံ ထုတ်ထားတာက ဝင်လာရင် ရုပ်ကို ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ဖမ်းမိဖို့ပါ။ အများပြည်သူ သိအောင် ထုတ်ပြန်တာမျိုး မလုပ်သေးပါဘူး။ ရဲတပ်ဖွဲ့ဝင်တွေ အကြားမှာပဲ ဝေထားတာပါ” ဟု အဆိုပါ ဒုရဲအုပ်က ဆိုသည်။

          မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံတဝန်း အကြမ်းဖက်မှု ဖြစ်စဉ်များ မဖြစ်ပွားစေရန်နှင့် ကာကွယ်ရန် အိမ်နီးချင်း ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ တို့နှင့် သတင်းအချက်အလက် ဖလှယ်ခြင်းများ လုပ်ဆောင်နေကြောင်း၊ အထူးသဖြင့် မိထီ္ထလာ၊ တာချီလိတ်၊ မဲဆောက်၊ မြဝတီ ကဲ့သို့သော နယ်စပ် ဝင်ပေါက်များ၊ လေဆိပ်များ အားလုံးတွင် လုံခြုံရေး အထူးသတိပြု စစ်ဆေးမှုများ ပြုလုပ်ရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

          “ပြည်တွင်းမှာဆိုရင် နိုင်ငံခြားသားတွေ အဝင်အထွက်များတဲ့ နေရာတွေမှာ လုံခြုံရေး မြှင့်ထားတယ်။ မိထ္ထီလာ ဘက်မှာလည်း လုံခြုံရေး မြှင့်ထားတယ်။ နယ်စပ်ဒေသတွေက တဆင့် အကြမ်းဖက်သမားတွေ အဝင်အထွက် မလုပ်နိုင်အောင် တာချီလိတ်၊ မဲဆောက်၊ မြဝတီတို့ စတဲ့ အဲဒီဧရိယာတွေမှာလည်း လုံခြုံရေး မြှင့်လိုက်တယ်။ လေဆိပ်တွေ အပါအဝင် အကုန်လုံးမှာတော့ လုံခြုံရေးကို အတတ်နိုင်ဆုံး တင်းတင်းကျပ်ကျပ် လုပ်ထားတယ်။ တဘက်က ဧည့်သည်တွေလည်း ငြိုငြင်စိတ် မဖြစ် သွားအောင် လုပ်နေတယ်” ဟု ရဲမှူးချုပ် ဝင်းခေါင်က ပြောသည်။

          ရန်ကုန်တိုင်း ဒေသကြီးအစိုးရ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်ကမူ ရန်ကုန်မြို့တွင် သင်္ဃန်းကျွန်းနှင့် မင်္ဂလာတောင်ညွန့် မြို့နယ်များသည် သတိထား စောင့်ကြည့်ရမည့် နေရာများ ဖြစ်ကြောင်း၊ ထိုနေရာများတွင် အကြမ်း ဖက်ချင်သူများ ခိုအောင်းနိုင်ကြောင်း သုံးသပ်သည်။

          “ဆိပ်ကမ်းမှာဆိုရင် ရခိုင်ကလာတဲ့ စက်လှေတွေကို သတိထားရမယ်။ နယ်စပ်မှာဆိုရင် လှေဝင်လို့ ရတဲ့နေရာတွေမှာ CCTV ကင်မရာတွေ တပ်ထားရမယ်။ ရပ်ကွက်တိုင်းမှာ ဆိုရင် လူစိမ်း မသင်္ကာဖွယ်ရာ လူတွေ့ရင် ပြည်သူတွေက သတင်းပို့ရမယ်။ လူထု ကူညီမှရမယ်” ဟု ဦးဇော်အေးမောင်က ဆိုသည်။

          လတ်တလော ရန်ကုန်မြို့တွင် အာဏာပိုင်များက လုံခြုံရေး အထူးတင်းကျပ်ထားပြီး လှည့်ကင်းများကို နေ့ညမပြတ် စက်ဘီး၊ ဆိုင်ကယ် မျိုးစုံဖြင့် စောင့်ကြပ်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ညပိုင်းတွင် ကားများကို ပိတ်ဆို့ စစ်ဆေးရေးများ ပြုလုပ်နေရပြီး ဧည့်စာရင်း စစ်ဆေးမှုများ လုပ်ဆောင်လျှက်ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

          Your Thoughts …
          Tags: SEA GameSecetary of StateTerrerism
          ထက်နိုင်ဇော်

          ထက်နိုင်ဇော်

          ဧရာဝတီ

          Similar Picks:

          ဘောလီဘော နှစ်သင်းကို လေ့လာခြင်း

          ဘောလီဘော နှစ်သင်းကို လေ့လာခြင်း

          by ခင်မောင်ထွေး (ပျဉ်းမနား)
          28 July 2013
          5.8k

          အားကစားတွင် အဆင့်ရှိသည်။ ၀ါနုသေးသော၊ သက်တမ်း ငယ်ရွယ်သေးလျှင် အဆင့်မြင့် ပြိုင်ပွဲကြီးများတွင် ၀င်မပြိုင်သင့်ပါ။ ပထမဆုံး တွေ့ကြုံရမည့် အတွေ့အကြုံမှာ ရှုံးနိမ့်ခြင်း အတွေ့အကြုံသာလျှင် ဖြစ်သည်။ အားကစား သမားများ သိမ်ငယ် စိတ်များ ၀င်သွားနိုင်သည်။

          ဆီးဂိမ်း

          စင်ကာပူဆီးဂိမ်းတွင် နိုင်ငံတော် စရိတ်ဖြင့် ယှဉ်ပြိုင်မည့် အားကစား ၁၇ မျိုးကို သုံးသပ်ခြင်း

          by ခင်မောင်ထွေး (ပျဉ်းမနား)
          26 February 2015
          3.3k

          မည်သည့် အတွက်ကြောင့် ဖူဆယ်ဘောလုံးကို ဦးစားပေးစာရင်းထဲ ထည့်သွင်းထားသည်ကို သက်ဆိုင်သူများသာ သိကြပေ လိမ့်မည်။ နေပြည်တော် ဆီးဂိမ်းတွင်မူ ဖူဆယ်အမျိုးသား အသင်းရော၊ အမျိုးသမီး အသင်းပါ ဆုတံဆိပ် မရကြပါ။ စင်ကာပူတွင်လည်း ရွှေတံဆိပ် မဆိုထားဘိ၊ ကြေးတံဆိပ်ပင်...

          ဆီးဂိမ်း, SEAP Games, နေပြည်တော်, ပြေးခုန်ပစ်, တင်မောင်နီ, နန္ဒကျော်စွာ, အမျိုးသမီး ဘောလုံး အသင်း, အမျိုးသား ဘောလုံး အသင်း

          ထူးချွန်အားကစား သမားများ ရွေးထုတ်ပေးမည့် အမျိုးသား အားကစားပွဲတော်

          by ခင်မောင်ထွေး (ပျဉ်းမနား)
          26 December 2014
          2.6k

          စင်ကာပူ ဆီးဂိမ်းအကြို လူရွေးပွဲ အဖြစ် ကျင်းပသည့် အားကစား ပြိုင်ပွဲ ဖြစ်ပါသဖြင့် ထူးချွန်ထင်ရှား သည့် အားကစား မောင်မယ်များ ထွက်ပေါ် လာခဲ့လျှင် အမျိုးသား အားကစား ပွဲတော်ကြီး ကျင်းပရကျိုး နပ်ပေလိမ့်မည်။

          ရိုးရာ အားကစားဖြင့် ကမ္ဘာကို မလွှမ်းနိုင်

          ရိုးရာ အားကစားဖြင့် ကမ္ဘာကို မလွှမ်းနိုင်

          by ခင်မောင်ထွေး (ပျဉ်းမနား)
          10 May 2013
          13.3k

          ရိုးရာ အမည်ခံ အားကစားနည်းများမှ တဆင့် ရွှေတံဆိပ်များ ဆွတ်ခူးနေခြင်းမှာ မည်သည့်နည်းနှင့်မှ ကမ္ဘာ့အဆင့် မရောက်နိုင်ပါ။ ရိုးရာ အမည်ခံ အားကစားနည်းများမှ ရွှေတံဆိပ်များ ပြိုင်နေကြခြင်းမှာ နွားခြေရာခွက်ထဲမှ ဖားသူငယ်များ အဖြစ်သာ ရှိနေကြမည်

          နိုင်ငံတော် သီချင်းကို အားရပါးရ ဆိုလိုက်ချင်ပါဘိ

          နိုင်ငံတော် သီချင်းကို အားရပါးရ ဆိုလိုက်ချင်ပါဘိ

          by ခင်မောင်ထွေး (ပျဉ်းမနား)
          14 March 2013
          5k

          ဘောလုံးအောင်ပွဲကို အာရှအဆင့်တွင် မကြုံတွေ့ကြရသည်မှာ ဆယ်စုနှစ် လေးစု ကျော်လာခဲ့ပါပြီ။ လာမည့် ဆီးဂိမ်းတွင် အားကစားပွဲတော် ပိတ်ပွဲနေ့တွင် နိုင်ငံတော် အလံကို အလေးပြု၍ နိုင်ငံတော် သီချင်းကို အားရပါးရ သီဆိုလိုက်ချင်ပါသည်။

          ပွဲကြည့်စင်ပေါ်ရှိ ပရိသတ် တချို့က ကွင်းထဲသို့ ခုံများဖြင့် ပစ်ပေါက်နေစဉ် (ဓာတ်ပုံ – YUFC)

          သိက္ခာမဲ့သည့် ဝဏ္ဏသိဒ္ဓိ အားကစား ပြိုင်ဝင်း အရေးအခင်း

          by ခင်မောင်ထွေး (ပျဉ်းမနား)
          9 August 2013
          7.8k

          “Fair Play, Respect” ထားကာ အားကစားကို အားကစားစိတ်ဖြင့် ယှဉ်ပြိုင်ကစားကြလျှင် နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားပြိုင်ဝင်းမှာ ဖြစ်ပွားခဲ့သည့် နှစ်မြို့စရာ မကောင်းသော၊ လက်ခံနိုင်စရာ မရှိသော၊ မကြားဝံ့မနာသာ ရှိသော၊ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အဖြစ်မျိုး လုံးဝ...

          Next Post
          ထိုင်းရှိ မြန်မာ အလုပ်သမားများ သက်တမ်းလွန် ဗီဇာအရေး သံရုံး ဖြေရှင်းပေးမည်

          ထိုင်းရှိ မြန်မာ အလုပ်သမားများ သက်တမ်းလွန် ဗီဇာအရေး သံရုံး ဖြေရှင်းပေးမည်

          ဒုက္ခသည်များ ကြောက်ရွံ့မှုမျိုး ခံစားရဟု ကင်တားနား ပြောဆို

          ဒုက္ခသည်များ ကြောက်ရွံ့မှုမျိုး ခံစားရဟု ကင်တားနား ပြောဆို

          Please login to join discussion
          No Result
          View All Result

          Recommended

          ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

          ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

          6 days ago
          21.7k
          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          5 days ago
          12.9k

          Most Read

          • စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

            စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

            shares
            Share 0 Tweet 0
          • စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

            shares
            Share 0 Tweet 0
          • ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

            shares
            Share 0 Tweet 0
          • မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved