တရုတ် ရေတပ်မှ Peace Ark အမည်ရှိ ဆေးကုသရေး သင်္ဘောသည် မြန်မာနိုင်ငံသို့ လာရောက်၍ ရက်သတ္တ တပတ်ကြာ အခမဲ့ ဆေးဝါး ကုသပေးမည် ဖြစ်ကြောင်း သတင်းရသည်။ မြန်မာ့ ရေတပ်က ဖိတ်ခေါ်ထားသည့် ယင်း ခုတင် ၃၀၀ ဆံ့ သင်္ဘောသည် သြဂုတ် ၂၈ ရက်တွင် ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းသို့ ဆိုက်ရောက်လာမည် ဖြစ်ပြီး စစ်တပ် ပြည်သူ မခွဲခြားဘဲ မည်သည့် လူနာ မဆို ကုသပေးမည် ဖြစ်ကြောင်း၊ သင်္ဘောသည် အကျယ် ၄၀၀၀ စတုရန်းမီတာ ရှိပြီး အထူး ကြပ်မတ် ကုသဆောင် အခန်း၂၀ နှင့် ခွဲစိတ်ခန်း ၈ ခန်း ပါဝင်ကြောင်း၊ တရက်လျှင် အကြီးစား ခွဲစိတ်မှု ၄၀ ပြုလုပ်နိုင်ရန် စီစဉ်ထားပြီး တရုတ် နိုင်ငံရှိ အဆင့်မြင့် ဆေးရုံများအတိုင်း ဆေးပစ္စည်း ကိရိယာအစုံ ပါဝင်ကြောင်း တရုတ် သံရုံး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ The Voice သတင်း တပုဒ်က ဖော်ပြသည်။ ဆေးကုသ လိုသူများသည် ရန်ကုန်တိုင်း အစိုးရထံသို့ စာရင်းပေးသွင်းရမည် ဖြစ်ကြောင်းလည်း ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။