သတင်းတို

ကင်တာနာ လုံခြုံရေး စွပ်စွဲချက် နားလည်မှုလွဲခြင်းဟု ဆို

This article has been converted from Zawgyi One to Unicode

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ က မိတ္ထီလာ မြို့တွင် ကြုံခဲ့ရသည့် တိုက်ခိုက်ခံရမှုနှင့် ပတ်သက်သည့် လုံခြုံရေးဆိုင်ရာ စွပ်စွဲချက်သည် နားလည်မှု လွဲမှားခြင်း ဖြစ်သည်ဟု  အစိုးရက တုံ့ပြန်လိုက်သည်။ သြ ဂုတ်လ ၁၉ ရက် ည ၁၀ နာရီ ခွဲခန့်က ကင်တာနာ မိတ္ထီလာမြို့သို့ ရောက်ရှိခဲ့ရာ အင်အား ၂၀၀ ခန့်ရှိ လူအုပ်စုက ၎င်းစီးလာသည့် ကားမှန် နှင့် ကားတံခါးများကို ကန်ကျောက် ရိုက်ပုတ်မှုများ ပြုလုပ်ခဲ့သော်လည်း ရဲတပ်ဖွဲ့က အကာအကွယ် မပေးခဲ့ကြောင်း ပြောဆိုမှုနှင့် ပတ်သက်၍ ပြန်ကြားရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးရဲထွဋ်က ည အမှောင် အခြေ အနေကို လွဲမှားနားလည်မှု ဖြစ်နိုင်ကြောင်း ပြန်လည် ရှင်းလင်း ပြောကြားထားသည်။ မစ္စတာ ကင်တာနာသည် သြဂုတ် ၁၁ ရက်မှ ၂၁ ရက်အထိ မြန်မာနိုင်ငံသို့ ၁၀ ရက်ခရီး လာရောက်ခြင်း ဖြစ်သည်။

Loading