သတင်းတို

အိန္ဒိယ-မြန်မာ ဘတ်စ်ကား လိုင်း မကြာမီ ဖွင့်လှစ်မည်

This article has been converted from Zawgyi One to Unicode

အိန္ဒိယ-မြန်မာ ပထမဆုံး နိုင်ငံဖြတ်ကျော် ဘတ်စ်ကာားလိုင်း အဖြစ် မဏိပူရပြည်နယ် အင်ဖာလ်မြို့နှင့် မန္တလေးမြို့သို့ ပြေးဆွဲမည့် ဘတ်စ်ကားလိုင်း စတင်ပြေးဆွဲရန် စီစဉ်နေကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ အင်ဖာလ်မြို့မှ တမူး-ကလေး-မုံရွာ၊ မန္တလေး-နေပြည်တော်-ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ်-မောတောင်-ပရာချက် (ပကျွတ်)-ထိုင်း၊ ဘန်ကောက်မြို့အထိ ဆက်သွယ်မည့် အာရှ လမ်းမကြီးကို ၂၀၁၈ ခုနှစ်တွင် ပေါ်ထွန်းလာရေး စီစဉ်လုပ်ဆောင်လျက် ရှိရာ ယင်း ဘတ်စ်ကား လိုင်းသည် ပထမဆုံးသော နယ်စပ်ဖြတ်ကျော် ခရီးသည်တင် ဘတ်စ်ကားလိုင်း ဖြစ်ကြောင်း သိရသည်။ ဖွင့်လှစ်မည့် အသေးစိတ် အစီအစဉ်များကိုမူ ဖော်ပြထားခြင်း မရှိပေ။

Loading