သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ဌာန ဝန်ကြီး H.E. Mr. Toshimitsu MOTEGI ယမန်နေ့ နံနက်က နေပြည်တော်၌ တွေ့ဆုံကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ယင်းသို့ တွေ့ဆုံရာတွင် ဆင်းရဲနွမ်းပါးမှု လျော့ကျရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖံွ့ဖြိုးရေး၊ အခြေခံ အဆောက်အအုံများနှင့် ရန်ကုန်မြို့အား အဆင့် မြှင့် တင်မှုများ ပြုလုပ်ရေးဟူသည့် လုပ်ငန်း ၃ ခု ကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(JICA) နှင့် ပူးပေါင်း ဆောင်ရွက်နေမှု၊ ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံကျသည့် လုပ်ငန်းများတွင် ဂျပန်နိုင်ငံမှ ကူညီဆောင်ရွက် ပေးမှုများနှင့် လှိုင်သာယာမြို့နယ်တွင် ၅ဝဝ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် အကြီးစား လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရန် စီစဉ်ဆောင်ရွက် နေမှုနှင့် အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖံွ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို ဆွေးနွေးခဲ့ သည်။ ဂျပန် ဝန်ကြီးသည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့်လည်း တွေ့ဆုံပြီး ဂျပန်-မြန်မာ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။