ထိုင်းနိုင်ငံ ဘန်ကောက် အဲဝေးစ်(Bangkok Airways) လေကြောင်း လိုင်း က ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ်နှင့် မြန်မာနိုင်ငံ နေပြည်တော် သို့ လာမည့် စက်တင်ဘာ လကုန်ပိုင်းတွင် စတင် ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။ ဘန်ကောက် အဲဝေးစ် လေကြာင်းလိုင်းသည် ခရီးသည် ၇၀ ခန့် လိုက်ပါ စီးနင်းနိုင်သည့် ATR 72 အမျိုးအစား လေယာဉ်ဖြင့် တပတ်လျှင် ၃ ရက် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာ နေ့များတွင် ပြေးဆွဲရန် စီစဉ်ထားကြောင်း၊ ထို့အပြင် ရန်ကုန်မြို့နှင့် အောက်တိုဘာ လကုန်ပိုင်း၊ မန္တလေးမြို့ နှင့် စက်တင်ဘာ လလယ်ပိုင်း တို့တွင် ပြေးဆွဲရန် စီစဉ်နေသည်ဟု Bangkok Airways အကြီးအကဲက ပြောဆိုကြောင်း ခရီးသွား လုပ်ငန်းဆိုင်ရာ အင်တာနက် စာမျက်နှာ တခုတွင် ဖော်ပြထားသည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။