မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီက ရေးဆွဲထားသော သတင်းမီဒီယာဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က လက်ခံ ဆွေးနွေးရန် ယနေ့ သဘောတူညီလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းမီဒီယာ ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က တင်သွင်းလိုက်ခြင်းဖြစ်ပြီး လွှတ်တော်က ကန့်ကွက်သူမရှိဘဲ လက်ခံဆွေးနွေးရန် သဘောတူညီလိုက်ခြင်းဖြစ်သည်ဟု ဦးဖုန်းမြင့် အောင်က ဆိုသည်။ ပြန်ကြားရေးဝန်ကြီးဌာနက စာနယ်ဇင်းကောင်စီက ရေးဆွဲထားသော သတင်းမီဒီယာဥပဒေကြမ်းတွင် သဘောမတူသော အချက် ၁၇ချက်ပါဝင်သည်ဟု ကန့်ကွက်ခဲ့သော်လည်း ယခုအခါ ၁၄ ချက် ကို ညှိုနှိုင်း သဘောတူညီလိုက်ပြီး ညှိုနှိုင်းမရသော ၃ ချက်ကိုမူ လွှတ်တော်၏ အဆုံးအဖြတ်ခံယူမည်ဖြစ်ကြောင်း သိရှိရသည်။ ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲတင်သွင်းထားသော ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီက ပြန်လည်သုံးသပ်ရန် သဘောတူညီထားပြီး သတင်းမီဒီယာ သမားများကန့်ကွက်နေသော ပြဋ္ဌာန်းချက်များကို ပြန်လည်ပြင်ဆင်ပေးဖွယ်ရှိသည်ဟု ဦးဖုန်းမြင့်အောင်က ဧရာဝတီသို့ ရှင်းလင်းပြောဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။