• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကင်တာနာ ထိုင်း အခြေစိုက် မြန်မာ အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေး

by လင်းသန့်
23 August 2013
in သတင်း
A A
ကင်တာနာ ထိုင်း အခြေစိုက် မြန်မာ အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေး

ရန်ကုန်လေဆိပ်၌ သြဂုတ် ၂၁ ရက်က သတင်းစာရှင်းလင်းပွဲ လုပ်နေသည့် မစ္စတာ ကင်တာနာ (ဓာတ်ပုံ - ဧရာဝတီ)

3.5k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ သည် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မြန်မာ့အရေး လှုပ်ရှား နေကြသောအဖွဲ့များနှင့် ယမန်နေ့ က တွေ့ဆုံဆွေးနွေးမှုများ ပြု လုပ်ကြောင်း သိရသည်။

မစ္စတာ ကင်တာနာသည် မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများ (Burma Partnership)၊ ကရင် လူ့အခွင့်အရေး အဖွဲ့ (KHRG)၊ ကရင် အမျိုးသမီးအဖွဲ့(KWO)၊ ထိုင်း-မြန်မာ နယ်စပ် တလျှောက် အကူအညီပေးနေသည့် (TBBC)အဖွဲ့၊ မဲတော် ဆေးခန်း၊ ရွှေ့ပြောင်း အလုပ်သမားအရေး လှုပ်ရှားသူများ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) စသည်တို့နှင့် မဲဆောက်မြို့တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

RelatedPosts

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
485
နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
278
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
4.6k

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ဆက်လက်ဖမ်းဆီးမှုများ ရှိနေသေးကြောင်း၊ သို့သော်ယခင်က ပုံစံမျိုးနှင့် မတူဘဲ ပုံစံ သစ်ဖြင့် နှိပ်ကွပ်နေမှုများ ရှိနေ၍ အဆိုပါကိစ္စများ ဟန့်တားနိုင်ရေး ဖိနှိပ်သည့် ဥပဒေများ ပြင်ဆင်ရန် လိုအပ်ကြောင်း ကင်တာနာအား အကြံပြု ဆွေးနွေးခဲ့သည်ဟု AAPP ရုံးအဖွဲ့မှူး ဦးအောင်ခိုင်မင်းက ဧရာဝတီ ကို ပြောသည်။

“ပုံစံသစ်က ဘာလဲဆိုတော့၊ ဖမ်းတယ် ဒါပေမယ့်အရင်လို တိုက်ရိုက်ထောင်မချဘူး၊ ဖမ်းတယ် စစ်တယ် တရားစွဲတယ် ပြန် လွှတ်တယ် အမှုရင်ဆိုင်ရတာနဲ့ အလုပ်ရှုပ်အောင်လုပ်ထားတယ်၊ ထောင်ထဲမှာတော့ မရှိဘူးပေါ့၊ ဒါပေမယ့် ကြိုက်တဲ့ အချိန် ထောင်ချလို့ရအောင် လုပ်ထားတယ်”ဟု သူက ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မစ္စတာ ကင်တာနာက သူ၏ ပြည်တွင်း ခရီးစဉ် အတွေ့အကြုံများကို ပြန်လည် ရှင်းပြခဲ့ကြောင်း လည်း သူက ဆက်ပြောသည်။

Burma Partnership အဖွဲ့က မစ္စတာ အဲလက်စ်ကလည်း တိုင်းရင်းသား လက်နက်ကိုင် ဒေသများတွင် မြန်မာစစ်တပ် က လူ့အခွင့်အရေးချိုးဖောက်မှုများ ယနေ့ထိ ရှိနေဆဲဖြစ်ကြောင်း၊ အထူးသဖြင့် ရှမ်း ပြည်နယ်၊ ပလောင်နှင့် ပအို့ဝ် ဒေသများဖြစ်ကြောင်း တိုင်းရင်းသား ဒေသများတွင် စစ်မှန်သည့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှ သာ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျဆင်း လာနိုင်မည်ဖြစ်သည်ဟု ယုံကြည်ကြောင်း မစ္စတာ ကင်တာနာအား အကြံ ပြုဆွေးနွေးခဲ့သည်ဟု ပြောသည်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဆိုတာ တိုက်ရိုက်ဆက်စပ်နေတာ”ဟု သူက ဆို သည်။

ယခုအခါ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှု များ သမ္မတ ဦးသိန်းစိန် အစိုးရဘက်မှ လုပ်ဆောင်နေသော်လည်း အောက်ခြေတွင် စစ်တပ်က ပစ်ခတ်မှုများနှင့် တိုက် ပွဲများဖြစ်နေသေးကြောင်း၊ ကတိစကားများ ပြောဆိုနေသော်လည်း လက်တွေ့တွင်မှု အဆိုပါ ကတိများ ကျိုးပေါက်နေသည်မှာ ထင်ရှားသည့် သာဓကများစွာရှိနေကြောင်းလည်း မစ္စတာ အဲလက်စ်က ပြောသည်။

“နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုတွေ၊ ဒိုင်ယာလော့တွေ မရှိသေးဘဲနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး အကောင်အထည် ပေါ်လာဖို့ ဆိုတာ စဉ်းစားစရာပဲ”ဟု သူက ဆိုသည်။

မစ္စတာ ကင်တာနာအနေဖြင့် ၎င်းတို့နှင့်ဆွေးနွေးရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ဆွေးနွေးတင်ပြချက်များကို သာ မှတ်ယူသွားခဲ့ပြီး မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာ့လူ့အခွင့်အရေးအခြေအနေ တိုးတက်မှုများမြင်တွေ့ရသကဲ့သို့ ပြုပြင်စရာများ၊ အကြံပြု တိုက်တွန်းစရာများလည်း လိုအပ်နေသေးကြောင်း ပြောဆိုသည်ဟု မစ္စတာ အဲလက်စ်က ဆက်ပြောသည်။

မစ္စတာ ကင်တာနာသည် ၇ ကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်ကို သြဂုတ်လ ၁၁ ရက်နေ့စာတင်ကာ ၁၁ ရက်ကြာ လေ့လာမှုများ လုပ်ဆောင်ခဲ့သည်။

သြဂုတ်လ ၁၉ ရက်နေ့ ညပိုင်းတွင် မိတ္တီလာမြို့ ခရီးစဉ်အတွင်း လုံခြုံရေး ရဲများ ရှိနေလျက် လူ ၂၀၀ ခန့်ရှိ လူအုပ်ကြီး က သူ၏ ကားကို ဝိုင်းကာ ကားမှန်နှင့် ကားကို ထုရိုက်အော်ဟစ်ခဲ့ကြောင်း၊ စိုးရိမ်စိတ်ပင် ဝင်ခဲ့ရကြောင်း ၎င်း ကြုံတွေ့ရသည့် အခြေအနေကို ထောက်ပြပြီး သူ၏ လုံခြုံရေးအပေါ် အစိုးရက ပျက်ကွက်ခဲ့သည်ဟု ပြောဆိုခဲ့သည်။

ထိုကဲ့သို့ မစ္စတာ ကင်တာနာပြောဆိုသည့်အပေါ် မြန်မာအစိုးရက ပယ်ချခဲ့သည်။

သမ္မတ ဦးသိန်းစိန်၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က အဆိုပါ လူအုပ်မှာ ၎င်းအား အိတ်ဖွင့်ပေးစာပေးရန် ကြိုးစားခဲ့ခြင်းသာဖြစ်ပြီး ကင်တာနားအနေဖြင့် နားလည်မှု လွဲမှားသွားခြင်းသာဖြစ်သည်ဟု ပြောဆိုထားသည်။

“ကင်တာနာ ပြောတာ လက်တွေ့အခြေအနေနဲ့ လုံး၀ ကွဲလွဲနေပါတယ်”ဟု သူက ဆိုသည်။

ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား၏ ၁၁ ရက်အကြာ မြန်မာပြည် ခရီးစဉ်တွင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ အပါအဝင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖြစ်ပွားခဲ့သည့် ဒေသများသို့လည်း သွားရောက်ခဲ့သည်။

ခရီးစဉ်အတွင်း အစိုးရ ဝန်ကြီးများ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ် တော် တာဝန်ရှိသူများ၊ လူထုအခြေပြု အဖွဲ့များ၊ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး နယ်ပယ်များမှ ပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံခဲ့ သည်။

Your Thoughts …
Tags: UN
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

အာဏာရူး စစ်ဘီလူးများနဲ့ ခိုင်းနှိုင်းခြင်းဖြင့် ခွေးများကို မစော်ကားပါနဲ့…

အာဏာရူး စစ်ဘီလူးများနဲ့ ခိုင်းနှိုင်းခြင်းဖြင့် ခွေးများကို မစော်ကားပါနဲ့…

by မနှင်း
14 September 2024
5.1k

သူတို့ဟာ Man’s best friend ဆိုတာ တကယ်ပါပဲ။ သူတို့ဟာ အိမ်မွေး တိရစာ္ဆန် အဆင့်ထက် ပိုပါတယ်…သူတို့ဟာ သခင်အပေါ်မှာ မိတ်ဆွေတွေ အပေါ်မှာ တကယ် Loyal ဖြစ်တဲ့ သူတွေပါ။ သစ္စာ ရှိသူတွေပါ…

ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၄)

ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၄)

by အောင်ဇော်
12 August 2023
2.9k

နာဂစ်သည် မြန်မာ စစ်ခေါင်းဆောင်များသာ မဟုတ်ဘဲ အာဆီယံ အတွင်းရေးမှူးသစ် ဆူရင် ပစ်ဆူဝမ်ကိုပါ စာမေးပွဲ စစ်သည်ဟု ဆိုရမည် ဖြစ်သည်။

ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၃)

ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၃)

by အောင်ဇော်
29 July 2023
2.9k

ဆူရင် ပစ်ဆူဝမ်ကတော့ ကမ္ဘာလှည့် နိုင်ငံခြားရေး ဝန်ကြီး ဘဝဖြင့် ထိုင်း၏ ပုံရိပ်ကို မြှင့်တင်ခဲ့သည်ဟု မှတ်ချက် ချရမည်။

စစ်ကောင်စီ ဖယ်ရှားရေး အရမ်း အရေးပါတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်တယ်

စစ်ကောင်စီ ဖယ်ရှားရေး အရမ်း အရေးပါတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်တယ်

by ဧရာဝတီ
16 November 2024
2.2k

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဦးဆောင် အဖွဲ့ဝင်ဖြစ်သူ မခိုင်ဇာအောင်နှင့် ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။

မြန်မာ့အရေး UN ပထမဆုံးအကြိမ် တံခါးဖွင့်ဆွေးနွေးပွဲမှာ ဘာတွေပြောကြလဲ

မြန်မာ့အရေး UN ပထမဆုံးအကြိမ် တံခါးဖွင့်ဆွေးနွေးပွဲမှာ ဘာတွေပြောကြလဲ

by ဧရာဝတီ
6 April 2024
428

မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအရေးနဲ့ ပက်သက်ပြီး ပထမဦးဆုံးအကြိမ် ကျင်းပတဲ့ တံခါးဖွင့်အစည်းအဝေးကို ဧပြီ ၄ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

by ဧရာဝတီ
28 September 2024
269

ရိုက်ကူး - သူရ၊ ဗိုလ်ကျန်၊ လင်းထက် တည်းဖြတ် - လင်းထက်

Next Post
မိုးသည်းထန်စွာ ရွာ၍ မြစ်ရေ မြင့်တက်မှုကြောင့် ရန်ကုန်မြို့အနှံ့ ရေလျှံ

မိုးသည်းထန်စွာ ရွာ၍ မြစ်ရေ မြင့်တက်မှုကြောင့် ရန်ကုန်မြို့အနှံ့ ရေလျှံ

တပတ်အတွင်း သတင်းဓာတ်ပုံ

တပတ်အတွင်း သတင်းဓာတ်ပုံ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate