လုပ်ငန်းရပ်စဲမှုကြောင့် အလုပ်သမား နစ်နာကြေး သတ်မှတ်ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေး တရပ်ကို ပြီးခဲ့သည့် စနေနေ့က နေပြည်တော်၌ ကျင်းပကြောင်း သိရသည်။ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး နည်းဥပဒေပုဒ်မ ၃၅ အရ အလုပ်ရပ်စဲမှု နစ်နာကြေးနှုန်းထားများ သတ်မှတ်ရေး ညှိနှိုင်းကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ယင်း အစည်း အဝေးတွင် အလုပ်ရှင်က လုပ်ငန်းကို ဆက်လက် လည်ပတ် လုပ်ကိုင်နိုင်ခြင်း မရှိသဖြင့် လုပ်ငန်းရပ်ဆိုင်းခြင်း၊ အလုပ်သမား အင်အား လျှော့ချခြင်းများ အပါအဝင် အကြောင်းအမျိုးမျိုးကြေင့် အလုပ်မှ ရပ်စဲခြင်းနှင့် ပတ်သက်၍ အလုပ်သမားအတွက် အလုပ် ရှင်မှ ပေးရမည့် နစ်နာကြေးနှုန်းထားကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(ILO)၏ ပြဋ္ဌာန်းချက်များနှင့် အညီ နစ်နာကြေး နှုန်းထားများ သတ်မှတ်ရန် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။