မြန်မာနိုင်ငံ ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ် တို့တွင် မိုးရွာသွန်းမှု များပြားနိုင်ပြီး ရေကြီးရေလျှံ နှင့် မြေပြိုမှုများ ဖြစ်ပွားနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင် ၏ ဖေ့စ်ဘုတ် တွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် ၂ ရက်ခန့်မှ စ၍ တရုတ်နိုင်ငံ တောင်ပိုင်းနှင့် လာအို နိုင်ငံ အနီးတွင် ဖြစ်ပေါ် တည်ရှိနေသော လေဖိအားနည်း ရပ်ဝန်းသည် ယမန်နေ့က အနောက်ဘက်ကို ရွေ့လာကြောင်း၊ ယင်းကြောင့် မိုးရွာသွန်းမှုများ ဖြစ်ပေါ်စေကြောင်း၊ ယမန်နေ့ ည သန်းကောင်ယံ အချိန်တွင် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာပြီဖြစ်ရာ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် မိုးပိုမိုရွာသွန်း စေနိုင်ကြောင်း၊ တောင်ပေါ်ဒေသများဖြစ်၍ လျှပ်တပြက် ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်သဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ ဒေသခံများ အထူးဂရုစိုက်ရန် သတိပေး ထား သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။