သတင်းတို

ဒေါ်အောင်ဆန်းစုကြည် စင်ကာပူ သွားမည်

This article has been converted from Zawgyi One to Unicode

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ အတွင်း စင်ကာပူနိုင်ငံကို သွား ရောက်မည် ဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၂၀ ရက်နေ့တွင် စတင် ကျင်းပမည့်The Singapore Summit အစည်းအဝေးကို တက်ရောက်ရန် ရှိသည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ချက်သမ္မတနိုင်ငံ ပရက်ဂ်မြို့တွင် စက်တင်ဘာ ၁၅ ရက်နေ့မှ ၁၇ ရက်အထိ ကျင်းပမည့် Forum 2000 အစည်းအဝေးသို့လည်း တက်ရောက်မည် ဖြစ်ကြောင်း NLD အသိုင်းအဝိုင်းက ပြောသည်။

Loading