သတင်းတို

မူဆယ်-နမ့်ခမ်း-ကွတ်ခိုင် အနီး နိုင်ငံတကာ အဆင့်မီ စီးပွားရေးဇုန် ဖွင့်မည်

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း-ကွတ်ခိုင် အနီးတွင် နိုင်ငံတကာ အဆင့်မီ စီးပွားရေးဇုန် ဖွင့်လှစ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် ယမန်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့ အောင်မင်္ဂလာ ခန်းမ၌ ရပ် မိရပ်ဖများ နှင့် တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားသွားကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ကွတ်ခိုင်၌ လေဆိပ် တည်ဆောက်ရန်စီစဉ်နေကြောင်းလည်း ပါရှိသည်။

Loading