သတင်းတို

ဂျပန် ANA က Asian Wings အစုရှယ်ယာ ၄၉ ရာခိုင်နှုန်း ဝယ်မည်

This article has been converted from Zawgyi One to Unicode

ဂျပန်နိုင်ငံ၏ ANA နိုင်ငံတကာ ကော်ပိုရေးရှင်းက မြန်မာနိုင်ငံ Asian Wings လေကြောင်းလိုင်း ၏ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်း ဝယ်ယူ လုပ်ကိုင်မည် ဖြစ်ကြောင်း ရိုက်တာ သတင်းတရပ်တွင် ဖော်ပြထားသည်။ ANA အနေဖြင့် ဂျပန်ယန်း ၃ ဘီလီယံ ရင်းနှီးလုပ်ကိုင်ဖွယ်ရှိကြောင်း၊ လာမည့် အင်္ဂါနေ့ နောက်ပိုင်းတွင် နှစ်ဖက်လုပ်ကိုင် ဆောင်ရွက်မည့် အစီအစဉ်များ ကြေညာမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်အခြေစိုက် Asian Wings လေကြောင်း ကုမ္ပဏီသည် ၂၀၁၁ မှစ၍ လေကြောင်း ပျံသန်းမှုများ စတင်ခဲ့ပြီး ဒေသတွင်းနှင့် ပြည်တွင်းခရီးစဉ်များ ပျံသန်းလျက် ရှိသည်။ နိုင်ငံတကာ လေကြောင်း ပျံသန်းပြေးဆွဲမှုများကို လာမည့် အောက် တိုဘာတွင် စတင်မည်ဖြစ်ကြောင်းလည်း သိရသည်။

Loading