မြန်မာနိုင်ငံ၌ ရောက်ရှိနေသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံ ပေးပုဂ္ဂိုလ် ဗီဂျေ နမ်ဘီယာ သည် ယမန်နေ့က ကချင်ပြည်နယ် ဂျာမိုင်ကောင် ဒုက္ခသည်စခန်းသို့ သွားရောက်ကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်အတွင်း ကချင်လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရကြား ကချင် လူထု လိုလားသည့် ငြိမ်းချမ်းရေး အမြန်ဆုံး ရရှိမည်ဟု မျှော်လင့်ကြောင်း ပြောဆိုသည်ဟု VOA သတင်းက ဆိုသည်။ ၎င်းသည် သြဂုတ်လ ၂၈ ရက်နေ့တွင် လိုင်ဇာ၌ KIO အဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ မစ္စတာ နမ်ဘီယာ အနေဖြင့် မြန်မာနိုင်ငံကို ၆ ကြိမ်မြောက် လာရောက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် မေ လ ၃၀ ရက်နေ့က KIO နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ သဘောတူညီချက် ၇ ချက်ကို လက်မှတ် ထိုးကြစဉ်ကလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။