ရန်ကုန်မြို့မှ ဖူရှင်း ဘရားသား(စ်) အမည်ရှိ ကုမ္ပဏီ က ထုတ်လုပ် ဖြန့်ချိသည့် လက်ဖက်ခြောက် ထုပ်ဘူး တမျိုး၌ ရွေတိဂုံ စေတီ ပုံ အမှတ်တံဆိပ်(Logo) အသုံးပြုထားခြင်းကို သာသနာရေး ဝန်ကြီးဌာနက ကန့်ကွက်ကြောင်း သိရသည်။ သာသနာရေး ဝန်ကြီး ဌာန က ဖူရှင်း ဘရားသား(စ်) ကုမ္ပဏီ တာဝန်ရှိသူများကို ယမန်နေ့က ခေါ်ယူ တွေ့ဆုံခဲ့ကြောင်း၊ ဖူရှင်း ကုမ္ပဏီ ဘက်က ဝန်ခံ ကတိပြုခဲ့ကြောင်း၊ ယင်း ရွှေတိဂုံ စေတီပုံ အမှတ်တံဆိပ်ကို စီးကရက်ဘူးပုံစံ လက်ဖက်ခြောက်ဘူး၊ ပစ္စည်းထည့် လက်ဆွဲအိတ်နှင့် လက်ဖက်ခြောက်ဘူးများ ထည့်သော စက္ကူဘူးများပေါ် တွင် ရိုက်နှိပ်ထားခြင်း ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။