ရန်ကုန်မြို့တွင် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ဂျီအက်စ်အမ်မိုဘိုင်းလ်ဖုန်းများနှင့် ကြိုးဖုန်းများ ပြတ်တောက်မှု ဖြစ်ပေါ် နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။ ယမန်နေ့မှ စတင်ပြီး ရန်ကုန်မြို့လယ် မောင်ထော်လေး ဆက်သွယ်ရေး အိတ်ချိန်းတွင် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများဖြစ်နေကြောင်း၊ ယင်းချို့ယွင်းမှုကြောင့် ၀၁-၃၈ နံပါတ်နှင့် စသော ဖုန်းများ အသုံးပြု၍ မရကြောင်း၊ ဂျီအက်စ်အမ်မိုဘိုင်းလ်ဖုန်း အများစု မှာလည်း ခေါ်ဆိုမရခြင်း ဖြစ်ပေါ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အော်တိုတယ်လီဖုန်းဌာနမှ သိရှိရသည်။”မနေ့ကတည်းက မောင်ထော်လေးအိတ်ချိန်းမှာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု တွေဖြစ်ပါတယ်။ ၃၈ နံပါတ်နဲ့စတဲ့ လိုင်းဖုန်းတွေလည်း သုံးလို့မရဘူး။ GSM ဖုန်းတွေ တော်တော်များများလည်း ခေါ်ဆိုလို့မရဘူး။ တတ်နိုင်သမျှတော့ ပြင်နေတယ်။ အများပြည်သူကိုတော့ အသိပေးချက် ထုတ်တာတွေ မလုပ်ထားပါဘူး။ အသေးစိတ်ကတော့ အင်ဂျင်နီယာဌာနကို မေးမှ သိမယ်” ဟု အော်တိုတယ်လီဖုန်းဌာန၊ ဒုတိယအင်ဂျင်နီယာချုပ်ရုံးခန်းမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။