ထိုင်း မြန်မာ နယ်စပ် စစ်ဆေးရေးဂိတ် ၄ ခု ဖြစ်သည့် တာချီလိတ် – မယ်ဆိုင်၊ မြဝတီ – မဲဆောက် ၊ ထီးခီး – နမ့်ဖုရော်န် နှင့် ကော့သောင် – ရနောင်း စစ်ဆေးရေး ဂိတ်များကို သြဂုတ်လ ၂၈ ရက် ကစပြီး နိုင်ငံတကာ စစ်ဆေးရေးဂိတ်များ အဖြစ် အဆင့်မြှင့် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ ယင်းဂိတ်များမှ နိုင်ငံကူးလက်မှတ်၊ ပြည်ဝင်ခွင့် ဗီဇာ အပြည့်အစုံဖြင့် ဝင်လာသူများသည် ရန်ကုန်၊ မန္တလေး လေဆိပ်များမှ ပြည်ပကို ထွက်ခွာ နိုင်သလို ယင်း လေဆိပ်များမှ ဝင်လာသူများသည်လည်း နယ်စပ်ဂိတ်များမှ ပြန် ထွက်သွားနိုင်မည်ဖြစ်ကြောင်း ဘီဘီစီ သတင်းက ဆိုသည်။ နယ်စပ်ဂိတ်များကို နိုင်ငံတကာအဆင့် မြှင့်ပေးလိုက်သည့်အတွက် နယ်စပ် ဖြတ်ကျော် ရာဇဝတ်မှုများနှင့် မူးယစ်ဆေးဝါး ပြဿနာများ ပိုများလာမည်ကို စိုးရိမ်မှုများ ရှိနေသော်လည်း ထိုင်း မြန်မာ မူးယစ်ဆေးဝါး နှိမ်နင်းရေး ပူးပေါင်း ဆောင်ရွက်မှုများ ရှိနေပြီး နယ်စပ် ဖြတ်ကျော် ရာဇဝတ်များကိုလည်း ပြီးခဲ့သည့် နှစ်များတွင် နှစ်နိုင်ငံ ရဲတပ်ဖွဲ့များ ပူးပေါင်း ဆောင်ရွက်နေမှာ အထင်အရှား ဖြစ်ကြောင်း ထိုင်းရဲအရာရှိများက ပြောဆိုထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။