ပါကစ္စတန် နိုင်ငံမှ မိန်းကလေးများ ပညာရေးနှင့် ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူ ဆယ်ကျော်သက် မိန်းကလေး မာလာလာ ကို နိုင်ငံတကာ ကလေးများ ငြိမ်းချမ်းရေးဆု ပေးမည်ဖြစ်ကြောင်း သိရသည်။ ထိုဆုကို လာမည့် စက်တင်ဘာ ၆ ရက်နေ့တွင် ဟော် လန် နိုင်ငံတွင် ချီးမြှင့်မည် ဖြစ်သည်။ အသက် ၁၆ နှစ်အရွယ်ရှိ မာလာလာသည် အင်္ဂလန်နိုင်ငံ ဘာမင်ဂမ် ၌ ဆေးကုသမှု ခံယူ နေ ဆဲ ဖြစ်သည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလက သူ၏ သူငယ်ချင်းတချို့နှင့် ကျောင်းမှအိမ်သို့ အပြန် တာလီဘန်တို့က သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ဒဏ်ရာများ ပြင်းထန်စွာ ရရှိထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။